ကျတ်တွင်း

759 62 0
                                    

Unicode

တာတေ ငယ်ငယ်တုန်းက ယင်းချောင်းဘေးက သဲသောင်ပေါ်မှာ  သဲပုရစ်တွေ  လိုက်ဖမ်းရတာ လွှတ်ပျော်တာဗျ။
သူငယ်ချင်းတွေ  ယင်းချောင်းထဲမှာ  ရေဆင်းကူး
လိုက်၊ သဲထဲမွာ ပုရစ်လိုက်ဖမ်းလိုက်ကြနဲ့ ရေတစ်
ခါချိုးရင်း နာရီနဲ့ချီပြီး ကြာတာဗျို့။ သဲပြင်မှာ ပုရစ်
တွင်းလေးတွေ လိုက်ရှာကြရတယ်။ ပုရစ်တဲ့အထဲ
မွာ အောင်စိန်က အလျင်ဆုံးဗျ။

အောင်စိန့်အကြောင်းကို 'ကေဝပ်ံ' စာအုပ်ထဲက
ပျော်တတ်တဲ့ ဝိညာဉ်မှာ ဖတ်ကြည့်ပါ။

အောင်စိန်က ပုရစ်ကျင်းတွေ့ရင် ပုရစ် ရွိ,မရွိ၊ အ
ရင်နေသွားတဲ့ကျင်းဟောင်းလေး အခုနေတဲ့ ကျင်း
သစ္လားဆိုတာ ကြည့်ရုံနဲ့ သိတဲ့ကောင်ဗျ။
ပုရစ်လိုက်ပြီဆိုရင်လည်း ထွက်ပေါက်ကို ရှာပြီး
အရင်ပိတ်ထားလိုက်တာ။ ပြီးမှ သဲကိုယက်ပြီး ပု
ရစ်ဖမ်းတာ။ အောင်စိန်ပါရင် ကျုပ်တို့ ပုရစ်အ
များကြီးရတာဗျ။ လွှတ်ပျော်ကြတာ။

ပုရစ်ကြော်တဲ့  နေရာမှာတော့ ရွာအရှေ့ပိုင်းမှာ
နေတဲ့ အောင်ဆင့် ဆိုတဲ့ကောင်က အကျွမ်းကျင်
ဆုံးဗ်။ အောင်ဆင့်များ ပုရစ်ကြော်လို့ကတော့ မီး
လြန္တာ။  မီးနဲတာ လုံးဝမရွိဘဲ  ပုရစ်တွေက အ
ရောင်ညီပြီး ထြက္လာတာ။ စားရင်လည်း  လွှတ်
အရသာ ရွိတာဗ်။ လူကြီးတွေကတော့ ထန်းရည်
နဲ့ မြည်းကြတာပေါ့ဗျာ။

ခုတော့ ကျုပ်တို့လည်း ပုရစ်မဖမ်းတာ ကြာပါပြီ။
ရွာမှာ ကျုပ်တို့က ကာလသားပိုင်းကို ရောက်ပြီ
လေဗျာ။ ရပ်ရေးရွာရေး လုပ်နေကြရမို့လား။

"ကိုကြီးတာတေ ကိုကြီးတာတေ ရွိလား"

ကျုပ် အိမ်ပေါ်က လှမ်းကြည့်လိုက်တယ်။ ဝိုင်း
ဝမွာ ရပ်နေတာ ကျောက်ခဲဗျ။

(ကျောက်ခဲနဲ့ သံမဏိအကြောင်းကို မဖဲဝါရဲ့
အိမ် စာအုပ္က တောင်ကျရေမှာ ဖတ်ကြည့်ပါ။)

"ကျောက်ခဲ လာလေ အိမ်ပေါ်ကို"

ကျောက်ခဲ ဝိုင်းထဲ ဝင်လာတယ်။ ကျုပ်အိမ်ပေါ်
မွာ ရှိမှန်းသိတော့ ဒီကောင် တန်းတက်လာတာ
ပေါ့ဗျာ။

"ဘယ်ကလှည့်လာတုံး ကျောက်ခဲရ"

"ကိုကြီးတာတေစားဖို့  ပုရစ်တွေ  လာပို့တာ၊
ကျုပ်နဲ့ သံမဏိ မနေ့က လိုက်ဖမ်းထားတဲ့
ပုရစ်တွေဗျ"

တာတေ [ညမဖတ်ရ] အတွဲ ၂Where stories live. Discover now