ကဝေပုရပိုက် part-1

812 70 2
                                    

Unicode

ကျုပ်တို့ အညာနွေ ဆိုတာက လွှတ်ပူတာဗျ၊
တာတေဆိုတဲ့ ကျုပ်လည်း အိမ်မြဲတာဆိုလို့
ဒီရာသီပဲရှိတာ၊ ရပ်ရေးရွာရေး ရှိရင်တောင်
ကျုပ်က မနက်စောစော သွားပြီး  နေမမြင့်ခင်
အိမ်အရောက်ပြန်တာဗျ၊ ဒီနေ့လည်း ပုဗ္ဗာရုံ
ဆရာတော် မှာလို့ ကျုပ် သွားလိုက်သေးတယ်။
ဆရာတော် ခိုင်းတာလေးတွေ လုပ်ကိုင်ပေးပြီးတော့
အိမ်ကို နေမပူခင် ပြန်လာခဲ့တာဗျို့။

"ဟဲ့ တာတေ၊ နင် ဆရာတော့်ကျောင်း
သွားမယ်ဆို ခုထိ မသွားသေးဘူးလား "

လို့ ကျုပ်အမေက ပြောတယ်၊ အမေက
အိမ်နောက်ဘက်မှာ ချက်ရင်းပြုတ်ရင်းနဲ့
ကျုပ်ကို လှမ်းပြောတာဗျ။

"ကျုပ်ကဖြင့် ပြန်တောင်ပြန်လာပြီဗျ"

"ဟေ မြန်လှချည်လား၊ ဆရာတော်
ခိုင်းတာတွေရော သေသေချာချာ လုပ်ပေးခဲ့ရဲ့လား
တာတေ"

"လုပ်ပေးခဲ့ပါတယ် အမေရ "

"နို့ ဆရာတော်က ဘာခိုင်းလို့တုံး "

"မနေ့က ဘထွေးထွန်းကြည်တို့၊ ကိုမောင်ပုတို့
တောထဲက တိုက်လာတဲ့ ထင်းတွေကို ထင်းရုံထဲ
သွင်းဖို့ပါ ၊ ကျုပ်သွားတော့ဖြင့် ကိုမောင်ပုနဲ့
ကိုရင်တွေ လုပ်နေတာ ပြီးတောင် ပြီးကာနီးနေပြီ
အမေရ၊ ကျန်တာလေး ကျုပ် ဝိုင်းကူ
သွင်းပေးခဲ့တယ်လေ "

"သြော် …ထင်းသွားတာလား "

"ဒုန်း ဒုန်း ဒုန်း ဒုန်း "

အမေက ကျုပ်နဲ့ ပြောရင်း ငရုတ်သီးထောင်းနေတာဗျို့
အမေ့ရဲ့ ငရုတ်ဆုံက စဉ့်ငရုတ်ဆုံကလေးဗျ။
သစ်သားကျည်ပွေ့နဲ့ ထောင်းရတာလေ။
ကျောက်ငရုတ်ဆုံ မဟုတ်ဘူးဗျ။ စဉ့်ငရုတ်ဆုံ
ဆိုတော့ ရွှံ့ကိုမီးဖုတ်ထားတာပေါ့ဗျာ။
စဉ့်အိုးတွေ လုပ်သလိုပေါ့။ ကျောက်ငရုတ်ဆုံလို
မထောင်းရဘူးဗျ။ ခပ်ဖွဖွ ဆတ်ဆတ်ကလေး
ထောင်းရတာ။

"အမေ ဘာချက်ဖို့တုံး ၊ ကျုပ် ထောင်းပေးရမလား "

"နေ နေ ငါ့ဟာငါ ထောင်းလိုက်မယ်
မြောက်ပိုင်းက ငပိန်တို့ဆီက ဝက်သားရလို့ဟေ့၊
ဆုံလာခဲ့တာ၊ ငပိန်ကတောင် နင် စားဖို့ဆိုပြီး
ကလီစာတွေ ထည့်ပေးလိုက်သေးတယ် "

တာတေ [ညမဖတ်ရ] အတွဲ ၂Where stories live. Discover now