အရီးမယ်ခ (စ/ဆုံး)

468 28 4
                                    

Unicode

တာတေရေးခဲ့တဲ့ 'စုန်းမ'ဝတ္ထုထဲမှာ အရီးမယ်ခ
အကြောင်းကို ဖတ်ဖူးခဲ့ကြမှာပါ။ ကျုပ်တို့ ထ
နောင်းကုန်းက ပညာသည်ကြီးပေါ့ဗျာ။ ဟိုတုန်း
က စုန်းဆိုတာ သေချာသွားရင် ရွာပြင်ထုတ်ကြ
တယ်လို့ ကျုပ်ကြားဖူးတယ်။အရီးမယ်ခကတော့
အလိုက်သိတဲ့အနေနဲ့ မြောက်ပိုင်းက အစွန်ဆုံး
ဝိုင်းမှာ တစ်ယောက်တည်းသွားနေတာဗျ။

အရီးက ရွာထဲကို အသွားအလာလည်း မလုပ်
ဘူးဗျ။  ရွာထဲကလူတွေကလည်း အရီးကို
အဆက်အဆံမလုပ်ကြဘူး။ အရီးမယ်ခအိမ်ကို
အိမ်အဝင်အထွက်ရှိတာဆိုလို့ တာတေတစ်
ယောက်ပဲ ရှိတာဗျ။ အရီးကလည်း ကျုပ်ကို
လွှတ်ခင်တာဗျ။ ကျုပ်ကလည်း ဘာခိုင်းခိုင်း
အကုန်လုပ်ပေးတာ။

"တာတေ မင်းကတော့ ဘယ်နေ့ အူတွေ အသည်း
တွေ ထုတ်စားခံရမလဲမသိဘူး"

လို့ ကျုပ်ကိုပြောတဲ့သူကပြောသဗျ။

မယ်ခကြီး စိတ်ရိုင်းဝင်သွားတဲ့နေ့ကြရင် မင်းကို
လည်ချောင်းသွေးဖောက်ပြီး ယစ်ပူဇော်လိမ့်မယ်"

လို့ ပြောတဲ့သူကပြောပေါ့ဗျာ။

ကျုပ်အမေကိုယ်တိုင်တောင် ကျုပ်ကို အရီးမယ်ခ
နဲ့ ပေးစားပြီးပြောတာဗျ။

ဟဲ့ တာတေ...နင့်မယားကြီးမယ်ခက နင့်ကိုခုထိ
မပြုစားသေးဘူးလား"

ကျုပ်ဆိုတဲ့ ကောင်ကလည်း ဘယ်သူတွေ ဘာ
ပြောပြောဗျာ အရီးကို ခင်တာပဲ။ အရီးအိမ်ကို
ပုံမှန်ပဲ ဝင်ထွက်နေတာပဲဗျ။

ကျုပ်က ဝက်သားကြိုက်တဲ့မှန်းသိလို့ ဝက်သား
ချက်တဲ့နေ့ဆိုရင် အရီးက ကျုပ်ကို တမျှော်မျှော်
နဲ့ နေတာဗျ။

ကျုပ်ကလည်း သိပ်စပ်စုတတ်တဲ့ကောင်ဆိုတော့
အရီးကို ဟိုမေးဒီမေးပေါ့ဗျာ။ကျုပ်မသိသင့်တာ
ကျတော့လည်း အရီးက ပြောမပြပါဘူးဗျ။

အရီးကျုပ်ကို လုပ်ပြခဲ့တဲ့ အထူးအဆန်းတွေထဲ
ကနေ ကျုပ်မှတ်မိတာလေးတွေကို 'စုန်းမ' ဝတ္ထု
ထဲမှ ထည့်ရေးပြခဲ့ပြီးပါပြီ။ အဲဒီတုန်းက ထည့်
မရေးခဲ့တဲ့ အကြောင်းလေးတွေ ရှိသေးတယ်ဗျ။

အဲဒါလေးတွေကို ကျုပ်ရေးပြချင်လို့ဗျို့။

ကြိုးခွေကို မြွေဟောက်ကြီးဖြစ်အောင် လုပ်ပြ
တာတွေ။ ကျောက်စရစ်ခဲလေးတွေကို ဝါးဆစ်
ပိုင်းထဲရောက်အောင် ထည့်ပြတာတွေ။ သက်
ကယ်စလေးတွေကို ချိုးဖဲ့ပြီး ဆန်ကောထဲမှာ
ဆန်ပြာသလို ပြာလိုက်တာ ငါးလေးတွေ ဖြစ်
သွားတာတွေကျုပ်ရေးခဲ့ဖူးပါတယ်။

တာတေ [ညမဖတ်ရ] အတွဲ ၂Where stories live. Discover now