ချစ်ကလဲ့စား

1K 64 1
                                    

Unicode

ကျုပ် မနေ့က ရွာကို ပြန်ရောက်တာဗျ။ဆရာမနိုင်ရွာမှာနေတဲ့
ကိုဂျာအေးဆိုတဲ့လူပေါ့ဗျာ။ ဒီမှာနေတုန်းကတော့
လက်သမားလုပ်တာဗျ။ အိမ်တွေ ဘာတွေဆောက်ရင်
သူက လက်ထောက်လက်သမားပေါ့ဗျာ။
ဘီရိုတို့၊ ကြောင်အိမ်တို့လည်း စပ်တယ်ဗျ။
လက်ရာမဆိုးပါဘူး။ နောက်တော့ ဆရာမနိုင်ကနေ
ထွက်သွားတယ် ကြားတာပဲ။

လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတော့ ကျုပ်ဆီကို
တန်းတန်းမတ်မတ်ကို ရောက်လာတာဗျို့။
တွေ့စကတော့ ကိုဂျာအေးကို ကျုပ်ဖြင့်
မှတ်ကို မမှတ်မိတာဗျ။ ဒီမှာနေတုန်းက
အရပ်ရှည်ရှည် ပိန်ပိန်ကိုင်းကိုင်းကြီးဗျ။

အခုတွေ့တော့ အသားတွေကလည်း လတ်လို့၊
ဝလည်း တော်တော် ဝလာတာဗျ။ နှုတ်ခမ်းမွေးကြီးကလည်း
ရှိနေတော့ ကျုပ်က သူ့ကို တွေ့တွေ့ချင်း
ဘယ်မှတ်မိမှာတုံးဗျ။

"ဟေ့ကောင် တာတေ၊ ငါပါကွ၊ ကိုကြီးဂျာအေးပါဟ"

"ဟာ ကိုကြီးဂျာအေး၊ရုပ်တွေ
တော်တော်ပြောင်းသွားပါလား "

"ဟား ဟား ဟား ဟား လူတွေက ဒီလိုပါပဲ
တာတေရာ၊ မပြောင်းတာကတော့ မင်းပဲကွ၊
ငါ ရွာကို ရောက်ရောက်ချင်း မင်းကို စုံစမ်းတာကွ၊
ရွာက လူတွေက တန်းပြောကြတာဟေ့၊
တာတေကတော့ အရင်အတိုင်းပဲတဲ့ ၊
ဘာမဆို စူးစမ်းလေ့လာနေဆဲပဲတဲ့ "

"ဟာ ဒီလောက်လည်း မဟုတ်ပါဘူးဗျာ။
ကျုပ်တို့က ဘာမဆိုသိချင်တဲ့ကောင်မို့လား။
ကိုကြီးဂျာအေးရ၊ ဒီတော့လည်း နေရာတကာ
ပါရတော့တာပေါ့ဗျာ"

"အေးပေါ့ တာတေရာ၊ ဒါထက် တာတေ၊
ငါ့ကို မင်းဒင်ပြောတယ်ကွ၊ ဟိုတလောက
သိုက်ဆရာတစ်ယောက် ရောက်လာလို့
မင်းကို လာခေါ်ရသေးတယ်ဆို "

"ဟုတ်ပါဗျာ၊ ကိုမင်းဒင် လာခေါ်လို့ ကျုပ်
လိုက်သွားပါတယ် ကိုကြီးဂျာအေးရာ"

"နို့ မအောင်ဘူးလားကွ"

"အောင်တယ် ကိုကြီးဂျာအေးရ၊ အဲဒီသိုက်ဆရာက
တော်တော်ကို အစွမ်းထက်တဲ့လူဗျ။ အင်းနဲ့ ပေါက်
လိုက်တာများဗျာ။ သိုက်ကြီး ဘွားကနဲ ပေါ်လာတာဗျ။
ကျုပ်လည်း သိုက်ဆိုတာရဲ့ အထဲကို ရောက်ဖူးသွားတာပေါ့ဗျာ
သူခိုင်းတဲ့အတိုင်း ကဝေပုရပိုက်ကြီးကို
ကျုပ်ရအောင် ယူပေးပါတယ်။ ဒါပေမဲ့
သိုက်ချုပ်က မိန်းမဖြစ်နေတာကို ကိုကြီးဂျာအေးရ၊
တော်တော်ကို လှတာဗျ"

တာတေ [ညမဖတ်ရ] အတွဲ ၂Where stories live. Discover now