သေမင်းနေတဲ့ရွာ

959 51 8
                                    

Unicode

သေမင်းနေတဲ့ရွာ(စ/ဆုံး)

အညာဆောင်းဗျ။

နေ့ရော ညရော အေးနေတော့တာဗျို့။ အညာ
စောင်ကြမ်း   ထူထူကြီးတွေအောက်မှာ  ဂုန်နီ
အိတ်ဖျင်ကပ်ပြီး ခြုံရတာဗျ။ ဒါမှ နွေးနေတာ။
ဒါတောင် ညဦးပိုင်းမှာ မီးလှုံကြသေးတာ။ မီး
လှုံမှ အိပ်လို့ရတာဗျ။

သိပ်အေးတဲ့ရက်တွေဆိုရင် ကိုယ်ခြုံမယ့်စောင်
ကို နေလှမ်းထားရတယ်။ နေမဝင်ခင် စောင်ကို
ရုတ်ပြီး ခေါက်ထားရတယ်။  ဒါမှ ညဆိုရင် နွေး
နေတာ။ ဒီလို ဆောင်းညတွေမှာ ဟိုဝိုင်း ဒီဝိုင်း
သွားပြီး မီးလှုံရင်း လက်ဖက်ရည်ဝိုင်းဖွဲ့ရတာ
လည်း    တော်တော်ပျော်စရာကောင်းတာဗျ။
နေ့လယ်တည်းက ကျောက်ခဲက ကျုပ်ကို ချိန်း
ထားတာဗျို့။

"ကိုကြီးတာတေ၊ ဒီည ဘိုးပုတို့ဝိုင်းမှာ လူစုံမယ်
ဗျ။ အရီးမသိန်းကြည် မြို့ကဝယ်လာတဲ့ ကန်
စွန်းဥတွေ ဒီည ပြုတ်ကျွေးမှာတဲ့"

"အေး …ငါလာခဲ့မယ် ကျောက်ခဲ"

လို့ ကျုပ်ကလည်း ပြောခဲ့ပြီးသားဗျ။ ညရောက်
တာနဲ့ ဘိုးပုတို့ဝိုင်းကို ကျုပ် သွားတာပေါ့ဗျာ။

"လာဟေ့ တာတေ၊ ကျောက်ခဲနဲ့ သံမဏိဘေး
မှာ ဝင်ထိုင်လိုက်ကွ"

ဘိုးပုဘေးမှာ ထိုင်နေတဲ့ ဘိုးရုံက ကျုပ်ကို လှမ်း
ခေါ်တာဗျ။ ဘိုးရုံဘေးမှာက ဘိုးဆင်က ထိုင်လို့
ဗျ။ လူငယ်ပိုင်းက နှစ်ယောက် သုံးယောက်။

ကျုပ်တို့အရွယ်က သုံးလေးယောက်။ ကျောက်ခဲ
တို့သံမဏိတို့အရွယ်က လေးငါးယောက်ဆိုတော့
အားလုံးပေါင်း   ဆယ့်ငါးယောက်လောက်တော့
ရှိတာဗျ။ အလယ်မှာက မီးဖိုကြီး ဖိုထားတာ။ထင်း
တုံးတွေ ဆိုင်ပြီး ဖိုထားတော့ မီးတောက်ကလေး
ထပြီး နွေးနေတာဗျို့။ ကျုပ်တို့ အညာသားလေး
တွေကလည်း မီးလှုံပြီဆိုရင် အေးလေ မီးဖိုနား
ကပ်လေဗျ။

"ဟဲ့ကောင်တွေ မင်းတို့ဟာက  တိုးရင်း တိုးရင်းနဲ့
မီးဖိုထဲ ဝင်ဖို့ပဲ ရှိတော့တယ်"

လို့ လူကြီးတွေက အော်ယူရတာဗျ။

"မဝင်ပါဘူး ဘိုးရဲ့"

တာတေ [ညမဖတ်ရ] အတွဲ ၂Where stories live. Discover now