တစ္ဆေ့ရန်ငြိုး part-1

991 63 0
                                    

Unicode

"ဟေ့ကောင်ထ၊ ဟေ့ကောင် ထလေ"
ကျုပ်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာဗျ။
ကျုပ်ကို တစ်ယောက်က နှိုးနေတာကို ကျုပ်နားထဲမှာ
ကြားနေရတယ်၊ ဒါပေမဲ့ ကျုပ်မျက်လုံးတွေကို
ဖွင့်လိုကို မရတာဗျ။ကျုပ် စာထဲမှာ ဖတ်ဖူးတဲ့
စကားတစ်ခုကို ချက်ချင်းသတိရသွားတယ်။
ကမ္ဘာပေါ်မှာ အလေးဆုံးအရာက မျက်ခွံဆိုတာလေ၊

"ဟေ့ကောင် ထတော့လေ"

ဒီတော့မှ ကျုပ်ကို နှိုးနေတဲ့ အသံကို
ကျုပ်သတိပြုမိသွားတယ်။ ဘယ်လိုအသံမျိုးပါလိမ့်။
စူးရှရှ အက်ကွဲကွဲကြီးပါလား။ ဒီအသံကြီးကို
အာရုံစိုက်ပြီး နားထောင်လိုက်မိတော့မှ
ကျုပ်စိတ်ထဲမှာ ကြောက်သလိုလိုကြီး ဖြစ်လာတယ်၊

"ဟေ့ကောင် ထတော့လေ"

ကျုပ်မျက်လုံးတွေကို အတင်းအားယူပြီး ဖွင့်လိုက်တယ်။
ဟော ရပြီ၊ ရပြီ။ ပွင့်သွားပြီ။ ကျုပ်မျက်လုံးတွေ
ပွင့်သွားပြီ။ အောင်မယ်လေးဗျ။ ဒါ ဘာကြီးတုံး၊
ကျုပ်ကို နှိုးနေတဲ့ လူရဲ့ မျက်နှာကြီးက
ကြောက်စရာကြီးဗျာ၊ မျက်လုံးကြီးတွေက
ကျွတ်ထွက်တော့မလိုကို ပြူးထွက်နေတာဗျ။

မျက်နှာကလည်း ချိုင့်ခွက်ပြီး နှာခေါင်း ပြားချပ်နေတာဗျို့။
နားရွက်ကြီးတွေကလည်း ယပ်တောင်ကြီးတွေလို
အကြီးကြီးတွေဗျ။ပါးစပ်ပြဲပြဲကြီးကို ဟပြီး ကျုပ်ကို
ရယ်ပြနေတယ်။ ပါးစပ်ထဲက သွားကြီးတွေကလည်း
ကျိုးတိုကျဲတဲ အကြီးကြီးတွေပါလား၊ ဒါ လူမှဟုတ်ရဲ့လား၊
သရဲများလား၊ ကျုပ်ကရော ဘယ်နေရာမှာ လာပြီး
အိပ်ပျော်နေတာတုံး၊

မြက်ပင်ရှည်ရှည်ကြီးတွေကြားမှာ ကျုပ် အိပ်နေတာဗျ။
ကျုပ်တအားကြောက်သွားတာကို ကျုပ်ကို
နှိုးတဲ့လူက သိသွားပုံပဲဗျ။

"ဟား ဟား ဟား ဟား ဟား "

မင်းက ငါ့ကို လန့်သွားတဲ့ပုံပဲ။ဘီလူးက ပြောပြောပြီး
ရယ်နေတာဗျို့၊ အပေါ်ပိုင်းက ဘာအင်္ကျီမှ မပါဘူး။
ကိုယ်လုံးတီးဗျ။ အောက်ပိုင်းမှာတော့ စုတ်ပြဲနေတဲ့
ပုဆိုးကို ဒူးခေါင်းလောက်တိုတိုကြီး ဝတ်ထားတယ်ဗျ။
ကျုပ် ဒီလူကိုကြည့်ရင်း ကြောက်လိုက်တာဗျာ။

တာတေ [ညမဖတ်ရ] အတွဲ ၂Where stories live. Discover now