လူနက်ကြီး part-1

928 63 2
                                    

Unicode

ကျုပ်တွေးနေတာဗျ။ အမေကျွေးတဲ့
ဝက်သားဟင်းကျန်နဲ့ ထမင်းကြမ်း စားပြီးတော့
အိမ်ရှေ့ ခုံတန်းလျားမှာ ရေနွေးကြမ်းသောက်လိုက်၊
နဂါးဆေးပေါ့လိပ်ကလေး ဖွာလိုက်နဲ့ အညာသား
စည်းစိမ်လေး ရစ်နေတာပေါ့ဗျာ။

ကျုပ်တို့အညာသားတွေမှာက ရစ်စရာ
စည်းစိမ်ဆိုလို့  ဒါပဲရှိတာဗျ။ အဘက မနေ့က
ကတည်းက မြို့သွားတယ်လေဗျာ။ မြို့မှာ
တစ်ညအိပ်ပြီး ဒီနေ့မှာ ပြန်လာမှာဗျ။
အိမ်မှာက အမေနဲ့ ကျုပ်နဲ့ပဲ ရှိတာ။
အမေက မီးဖိုချောင်မှာ ချက်ပြုတ်နေတော့
ကျုပ်က အိမ်ရှေ့မှာထိုင်ပြီး တွေးချင်ရာ
တွေးနေတော့တာပေါ့ဗျာ။

တာတေဆိုတဲ့ ကျုပ်က တွေးရင်လည်း
ထူးထူးဆန်းဆန်းတွေပဲ တွေးတာဗျ။
ဒါမျိုးတွေပဲ ကျုပ်က စိတ်ဝင်စားတာလေဗျာ။
ပြသိုလလေဗျာ။ ကျုပ်တို့ အညာသားတွေ
ခိုက်ခိုက်တုန်အောင် ချမ်းတဲ့လပေါ့ဗျာ။
ညဆိုရင် ဝိုင်းထဲမှာ မီးလှုံကြ။ သက်ကြီး
ရွယ်အိုတွေ ပြောတာဆိုတာ နားထောင်ကြ။
မြေပဲကြော်၊ လက်ဖက်သုတ်၊ ချင်းသုတ်၊
ပေါက်ပေါက်ဆုတ်တွေ စားကြသောက်ကြနဲ့
ညအတော်လေးနက်လာမှ လူစုခွဲကြတာဗျ။

ဒါလည်း ကျုပ်တို့အညာသားတွေရဲ့ ဆောင်း
တွင်းစည်းစိမ်တစ်မျိုးပေါ့ဗျာ။

ကျုပ်တို့အညာသားတွေကသက်ကြီးစကား
ကြားရတာ။ လွှတ်သဘောကျကြတာဗျ။
အလှူအတန်းတွေဆိုရင် သက်ကြီး
ရွယ်အိုတွေနားမှာ လူငယ်တွေ အုံပြီးတော့ကို
နားထောင်နေကြတာဗျို့။

ညကလည်း မျက်ပြူးတို့ဝိုင်းထဲမှာ ဘိုးရုံကြီးနဲ့
အတူတူ မီးလှူံရင်း ဘိုးရုံပြောတဲ့ ရှေးဟောင်း
နှောင်းဖြစ်တွေကို ကျုပ်တို့ နားထောင်ကြတာဗျ။
မျက်ပြူးတို့အိမ်ကလည်း လက်ဖက်ရော၊
ပေါက်ပေါက်ဆုတ်ရော၊ မပြတ်အောင်
ချကျွေးတာဗျ။ ကျုပ်တို့ကလည်း မစားမှာ
မပူရပါဘူးဗျာ။ ပန်းကန်ပဲကျန်အောင်
စားကြတာဗျ။

"ဘိုးရုံ၊ နတ်ရုပ်ကြီးတွေမှာ အသက်ဝင်တယ်
ဆိုတာ ဟုတ်လား"

ကျုပ်က ကျုပ်သိချင်တာကို တည့်ပဲမေးလိုက်တာဗျ။
ဘိုးရုံက ရေနွေးနွေးပူပူကို တစ်ကျိုက် နှစ်ကျိုက်လောက်
သောက်လိုက်ပြီးတော့မှ ရေနွေးကြမ်းပန်းကန်ကို
ချထားပြီး ပြောပြတာဗျ။

တာတေ [ညမဖတ်ရ] အတွဲ ၂Where stories live. Discover now