ဖျာလိပ်နတ် မအောင်ဖြူ -၇-(ဇာတ်သိမ်းပိုင်း)

544 47 1
                                    

Unicode

ကျုပ်တို့က စိုးရိမ်တာတော့၊ ကျုပ်အဘက ဆရာတွေ
ခေါ်လာပြီး လုပ်ဟယ်ကိုင်ဟယ်ဆိုတော့ ကျုပ်တို့ကို
မအောင်ဖြူ စ်ိတ်ဆိုးသွားသလားလို့ပါ၊ နတ်စိတ်ဆိုး
ရင် မကောင်းဘူးလို့ ပြောကြတယ်တော့်"

ခင်ထားကလည်း စိုးရိမ်တကြီးနဲ့ ပြောတယ်ဗျို့။

"ဟာ …မဟုတ်တာ ခင်ထားရယ်၊ အဲဒီဆရာ
ကိုတင်မောင် လာပြီးမှ နောက်နေ့ နင်တို့ပင့်တာ
ကြွလာတာပဲ မဟုတ်လား"

"အေး ဟုတ်သားပဲ ခင်ထားရဲ့၊ နောက်နေ့ တို့ပင့်
တော့ ကြွတာပဲဟာ၊ စိတ်ဆိုးတဲ့ပုံစံမှ မပြတာ"

မြနွယ်က ခင်ထားကို ပြောတာဗျ။

"အေး ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ ငါက
စိုးရိမ်လို့ ပြောတာပါဟယ်"

ခင်ထားက ဆက်မပြောတော့ဘူးဗျ။

ကလေးမတွေက ဆက်မပြောတော့ပေမယ့် ကျုပ်
စိတ်ထဲတော့ တော်တော်ကို ရှုပ်ထွေးနေတာဗျ ။
ဖျာလိပ်နတ် မအောင်ဖြူရယ်၊ ဝိုင်းဝ သရက်ပင်
ပေါ်က သရဲမကြီးရယ်၊ ပြီးတော့ ဒီလမ်းထဲကို
နာနာဘာဝတွေ အလာများတာရယ် တော်တော်
ကို ရှုပ်ထွေးနေတာဗျ။ လေးလေးဘခင် ပြန်လာ
တော့ ကျုပ်က ခပ်တိုးတိုး တိုင်ပင်ရတယ်။

လေးလေးဘခင်ကတော့ ရဲတွေလည်း မလာဘူး၊
သူ့သမီးတွေလည်း အစစ်အဆေး မခံရဘူးဆို
တော့ စိတ်အေးနေတဲ့ပုံဗျ။

"လေးလေး၊ ညက ခွေးဟောင်သံတွေ ကြားလား"

"အေး ကြားတာပေါ့ တာတေရာ၊ ဆူညံနေတဲ့ဥစ္စာ၊
ပြီးတော့ မင်းထကြည့်နေတာလည်း လေးလေး သိ
ပါတယ်။ မင်း ဘာတွေ တွေ့လို့တုံးကွ"

"သရဲကြီးတစ်ကောင် ဒီလမ်းထဲကို ဝင်လာတာဗျ
လေးလေးရ၊ အဲဒါကို ဒီလမ်းထဲက ခွေးတွေက ဝိုင်း
ဟောင်နေကြတာ"

"သြော် …ဒါကြောင့်ကိုး "

"အဲ…ဒါနဲ့ မပြီးသေးဘူးဗျ"

"ဟေ …ဘာဖြစ်သေးလို့တုံး"

"ကျုပ်ဝိုင်းဝက သရက်ပင်ကြီးပေါ်ကနေ ဖြူဖြူကြီး
တစ်ခု ခုန်ဆင်းတယ်ဗျ။ အဲဒါ သရဲမကြီး လေးလေး
ရ၊ အဲဒီသရဲမကြီးနဲ့ လမ်းထဲကို ဝင်လာတဲ့ သရဲကြီး
နဲ့ သတ်ကြပုတ်ကြတာ လေးလေးရေ"

တာတေ [ညမဖတ်ရ] အတွဲ ၂Where stories live. Discover now