ကဝေသင်္ချိုင်း

946 69 0
                                    

Unicode

ရွှေတောင်ဦးဘုရားပွဲရက်ဗျ။
တာတေတို့ရွာမှာ လွှတ်စည်တဲ့ရက်တွေပေါ့ဗျာ။
အနီးအနား ရွာတွေကလည်း လှည်းတန်းကြီးတွေ
နဲ့ ရောက်လာကြတာဗျ။ ဘုရားဘေးပါတ်လည်မှာ
လှည်းဝိုင်းကြီးတွေချပြီး ချက်ပြုတ်စားသောက်ကြ
နဲ့ လွှတ်ပျော်ဖို့ကောင်းတာပေါ့ဗျာ။ ဟိုရွာဒီရွာက
ငယ်ပေါင်းကြီးဖော်တွေ အသက်ကြီးမှ ပြန်ပြီးဆုံ
ကြတွေ့ကြ ထန်းရည်အတူတူသောက်ကြ ရယ်
စရာ မောစရာတွေ ပြောကြနဲ့ပေါ့ဗျာ။

တချို့ကလည်း ဘင်ဂျိုတွေ၊ မယ်ဒလင်တွေ ယူ
လာကြပြီး တီးကြမှုတ်ကြ သီချင်းတွေဆိုကြနဲ့ဗျ။
တစ်နှစ်လုံး ယာထဲမှာ နွားနဲ့အတူတူ ရုန်းကြကန်
ကြရတဲ့ ကျုပ်တို့အညာသားတွေ ရွှေတောင်ဦးဘု
ရားပွဲမှာ ပျော်ကြပါးကြ ဝယ်ကြခြမ်းကြနဲ့ လွှတ်
ပျော်နေကြတာဗျ။
ဆယ့်နှစ်ပွဲစျေးသည်တွေ   အကုန်မလာပေမယ့်
တချို့လည်ရောက်အောင် လာကြတယ်။ ဒီတော့
ရွှေတောင်ဦးဘုရားပွဲက ပွဲစျေးတန်းကြီးနဲ့ ဇာတ်ပွဲ
တွေနဲ့ ဆိုင်းပြိုင်ပွဲနဲ့ အနီးအနားရွာတွေက လူငယ်
တွေရဲ့ပြဇာတ်တွေ ဒိုးပတ်ပြိုင်ပွဲတွေ ဗမာ့လက်
ဝှေ့ပြိုင်ပွဲတွေနဲ့ ဆိုတော့ ကြက်ပျံမကျ စည်ကား
တော့တာပေါ့ဗျာ။

ဆယ့်နှစ်ပွဲစျေးသည်တွေ အကုန်မလာပေမယ့် တ
ချို့လည်း ရောက်အောင်လာကြတယ်၊ ဒီတော့ ရွှေ
တောင်ဦးဘုရားပွဲက ပွဲစျေးတန်းကြီးနဲ့ ဇာတ်ပွဲတွေ
နဲ့ ဆိုင်းပြိုင်ပွဲနဲ့ အနီးအနားရွာတွေက လူငယ်တွေရဲ့
ပြဇာတ်တွေ ဒိုးပတ်ပြိုင်ပွဲတွေ ဗမာ့လက်ဝှေ့ပြိုင်ပွဲ
နဲ့ ဆိုတော့ ကြက်ပျံမကျ စည်ကားတော့တာပေါ့ဗျာ

အဘတို့ အမေတို့က ဆွမ်းတော်ကြီးကပ်တဲ့အဖွဲ့
မှာပါကြတယ်ဗျ။ ကျုပ်ကတော့ ကာလသားအဖွဲ့
မှာပေါ့ဗျာ။ ဘုရားမှာ ပန်းကပ်ပန်းစွန့် လိုအပ်တာ
တွေလုပ်တဲ့အခါ လုပ်ရတယ်။ သူကြီးတို့အဖွဲ့ကို
ကူတဲ့အခါ ကူရတယ်။ ပွဲစျေးတန်းမှာ လျှပ်စစ်မီး
သွယ်တဲ့နေရာမှာ သွားပြီးကူတဲ့အခါလည်း ကူရ
တယ်ဗျ။ လိုတဲ့နေရာမှာ လိုက်ဖြည့်ရတာပေါ့ဗျာ။

အမှန်အတိုင်းပြောရရင်တော့ ဒီလိုရွှေတောင်ဦးဘု
ရားပွဲရက်ဆိုတော့ ဘိန်းစားကြီးစိန်ကို ကျုပ်အမြဲ
သတိရတယ်ဗျ။ ခင်ဗျားမှတ်မိသေးလား။ ကျုပ်ပ
ထမဆုံးရေးတဲ့ 'ကိုယ်တွေ့မဖဲဝါ'စာအုပ်ထဲက'ဂူ
ဖောက်သူ'ဝတ္ထုက ကိုကြီးဘစိန်လေဗျာ။

တာတေ [ညမဖတ်ရ] အတွဲ ၂Where stories live. Discover now