ရေတံခွန်ချောင်း part-2 final

851 71 1
                                    

Unicode

ဂူကြီးပေါ်ကို ရောက်သွားပြီဗျို့။ထမင်း
ပွဲကြီးထိုင်ပြီး စားတော့တာပဲဗျာ။ကိုကြီး
သာဒင်တို့ကလည်း အမဲသားချက်လွှတ်
ကောင်းတာဗျ။ အမဲသားဟင်းနံ့က မွှေး
ကြိုင်နေတာ။ မဖဲဝါကြီးကလည်း စား
တော့တာပဲဗျာ။ စားရင်းနဲ့ ကျုပ်ကို
ပြောတယ်။

"တာတေ နင် လိုက်လာလို့ ဒီလူတွေ
ကံကောင်းသွားတာ၊ အဲဒီကောင်လေး
နှစ်ကောင် ဒီဘုံမှာ မရှိတော့ဘူး၊အသူ
ရကာယ်ဘုံကို ရောက်နေတယ်၊ နင်
လိုက်ခေါ်မှ ရမယ်၊ အန္တရာယ်တော့
တော်တော်များတယ်။ဒါပေမဲ့ နင်လိုက်
မခေါ်ရင် အဲဒီကောင်လေးတွေ ဘယ်
တော့မှ ပြန်လာလို့ရမှာ မဟုတ်တော့ဘူး"

"ကျုပ်လိုက်မယ် မဖဲဝါ"

"ဒါဆိုရင် နင် နားထောင်၊ ဒီကောင်နှစ်
ယောက် ငါးဖမ်းရင်းနဲ့ ရေတံခွန်နောက်
ကို ရေတံခွန်နောက်ကို လှေဝင်သွားတာ၊
အဲဒီရေတံခွန်နောက်မှာ လိုဏ်ပေါက်ရှိ
တယ်။ဒီနားက လူတွေက အဲဒီလိုဏ်
ပေါက်ရှိမှန်း ဘယ်သူမှ မသိကြဘူး။
ဒီလိုဏ်ပေါက်ကို လူမျက်စိနဲ့ မမြင်ရ
ဘူး။ လှေက ကျောက်နံရံကို ဖောက်
ဝင်သွားသလို ထင်ရတာ။

တကယ်တော့ လိုဏ်ပေါက်ကြီး ရှိနေတာ။
နင် မျက်ကွင်းဆေးကွင်းသွား၊ နင် မြင်ရ
လိမ့်မယ်။ အဲဒီလိုဏ်ပေါက်ထဲမှာ ချောင်း
တစ်ခု စီးနေတယ်။ရေက ဝါးတစ်ပြန်
လောက်နက်တယ်။ဒါပေမဲ့လေရှိတယ်။
နင်အသက်ရှုလို့လည်းရမယ်။မီးထွန်းလို့
လည်းရမယ်။မီးတုတ်ယူသွား။အဲဒီလိုဏ်
ဂူထဲမှာ နင် လှေကို တစ်နေ့နဲ့ တစ်ည
လှော်ရလိမ့်မယ်။ ဒါပေမဲ့ မှောင်မဲနေ
တော့ နေ့မှန်းညမှန်း နင်သိမှာမဟုတ်
ဘူး။နင် ဒီကနေ ညဘက်ဝင်သွားလိုဏ်
ခေါင်း ဟိုဘက်ကချောင်းကို ညဘက်
ရောက်သွားလိမ့်မယ်။

ညရောက်မှဖြစ်မယ်။နေ့ဘက်ဆိုရောက်
ရင်နင်လည်း ဟိုကောင်လေးတွေလို ပြန်
လို့ရမှာ မဟုတ်ဘူး။ အသူရကယ်ဘုံ
သားတွေက နင့်ကို ပြန်လို့မရအောင်
လုပ်ထားလိမ့်မယ်။

နင်တစ်ခုတော့ မမေ့စေနဲ့။လိုဏ်ခေါင်း
ဟိုဘက်ကို နင့်လှေထွက်သွားတာနဲ့
အဲဒါ လူ့ဘုံမဟုတ်ဘူးဆိုတာ အမြဲသ
တိထားပေတော့။ နင့်ရောက်တဲ့ည
တစ်ညပဲ အချိန်ရမှာ၊ ညတွင်းချင်း
ကောင်လေးတွေကို လိုက်ရှာ၊ နင်
အော်ခေါ်ကြည့်။ ညဘက်ဆိုရင်
အသူရကယ်ဘုံသားတွေ တစ်
ယောက်မှ မရှိကြဘူး။

တာတေ [ညမဖတ်ရ] အတွဲ ၂Where stories live. Discover now