Unicode
ကျောက်လှေကားထစ် ဆယ့်တစ်ထစ်
ဆင်းပြီးတာနဲ့ ဆင်စွယ်ရောင်လို ဖွေးနေ
တဲ့ ကျောက်သားကြမ်းပြင်ကြီးကို ခြေ
ထောက်နဲ့ နင်းမိရောဗျ။ ကျုပ်တို့အား
လုံး ကျောက်သားကြမ်းပြင်ကြီးပေါ်ကို
ရောက်တာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ
လက်လေးဖက်နဲ့ ကျောက်ဘီလူးရုပ်
ကြီးက အသက်ဝင်လာတော့တာပဲဗျို့။"ဝီး ဝီး ဝီး ဝီး"
လက်လေးဖက်မှာ ကိုင်ထားတဲ့ ဓါးတွေ
ဟာ ဝင်းကနဲ ဝင်းကနဲနဲ့ အကွက်ကျကျ
ကို လှည့်နေတာဗျ။ ကျုပ်တို့လူတွေမှာ
လက်နှစ်ဖက်နဲ့ ဓါးနှစ်လက်သိုင်းကိုတော့
မနည်း လှည့်နေရတာဗျ။ ဒီဘီလူးရုပ်ကြီး
က အသက်ဝင်လာပြီး လက်လေးဖက်နဲ့
ဓါးလေးချောင်းကို လှည့်နေလိုက်တာများ
ဗျာ ဝီကနဲ ဝီကနဲကို ဖြစ်နေတာဗျို့။ကျုပ်ရော ရသေ့သောမရော ကြောက်
လိုက်ကြတာ မပြောပါနဲ့တော့ဗျာ၊ ရသေ့
ကြီးနောက်မှာ ကပ်နေကြရတော့တာဗျ။
ရသေ့ကြီး ဦးဘောဂကတော့ အေးအေး
ဆေးဆေးပဲဗျ။သူ့လက်ထဲက ဆေးတောင်
ဝှေးနဲ့ အသက်ဝင်နေတဲ့ ဘီလူးရုပ်ကြီးကို
ထိုးမလို လုပ်လိုက်တာဗျ။ဘီလူးရုပ်ကြီးချက်ချင်းငြိမ်ကျသွားပြီး နဂို
အတိုင်း ကျောက်ရုပ်ကြီး ပြန်ဖြစ်နေရောဗျ
ပညာတော်တော်ထက်တဲ့ ရသေ့ကြီးပဲလို့
ကျုပ် တွေးလိုက်မိတယ်။ ရသေ့ကြီးက
ရှေ့ဆက်သွားတယ်။ အခန်းကျယ်ကြီးထဲ
ကို ကျုပ်တို့ ဖြတ်ဝင်လိုက်တော့ …"ဟေး…ခုတ်ကြဟေ့၊ ခုတ်ကြ၊ တစ်
ယောက်မကျန် ခုတ်ဟေ့"လို့ ညာသံပေးပြီး ပြေးထွက်လာတဲ့ ဓါး
သမားတွေ ဆယ်ယောက် ကျော်ကျော်
လောက် ရှိတယ်ဗျ။ ဓါးသမားတွေအား
လုံးဟာ အရပ်ထောင်ထောင် မောင်း
မောင်းကြီးတွေဗျ။ သျှောင်တစောင်းတွေ
နဲ့ ပုဝါအနီတွေ ပေါင်းလို့။လက်ထဲမှာ ကျစ်
ကျစ်ပါအောင် ကိုင်ထားတဲ့ ဓါးရှည်တွေက
အရောင်တလက်လက်ကို ဖြစ်နေတာဗျ။"ဟိတ်"
ရသေ့ကြီးက သူ့လက်ထဲက ဆေးတောင်
ဝှေးကို ဝှေ့ရင်း'ဟိတ်'လို့ အော်လိုက်တော့
ပြေးထွက်လာတဲ့ ဓါးသမားတွေဟာ ပြေး
လာတဲ့ ပုံစံအတိုင်း ငြိမ်ကျသွားပြီး ကျောက်
ရုပ်ကြီးတွေ ဖြစ်ကုန်ရောဗျို့။ဒီတော့မှ ကျုပ်
လည်း အခန်းကျယ်ကြီးကို လှည့်ပတ်ကြည့်
လိုက်မိတာဗျ။ ကျောက်သညးနံရံကြီးတွေ
က ဖြူဖွေးပြီး ချောမွေ့နေတာဗျ။
YOU ARE READING
တာတေ [ညမဖတ်ရ] အတွဲ ၂
Fanfictionအရင်တင်တဲ့ဘက်က ဆက်တင်လို့မရတော့လို့ပါ update မယ်လုပ်တိုင်း အပြင်ပဲ ပြန်ပြန်ရောက်နေတာ အဲ့ဒါကြောင့်မို့ စာအုပ်ခွဲလိုက်ပါတယ်။ ဒီဘက်မှာ လာဆက်ဖတ်ပေးကြပါနော် 💛။