ရေမျောကမ်းတင်

815 58 0
                                    

Unicode

တာတေကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေ အများကြီးထဲက
တစ်ခုပေါ့ဗျာ။ တာတေတို့ ရွာနားက ဘန့်ဘွေးကုန်းတို့၊
ငွေတွင်းကုန်းတို့၊ မီးလောင်ကုန်းတို့မှာ ဖြစ်တာလည်း
မဟုတ်ဘူးဗျ။ ပုဗ္ဗာရုံ ကျောင်းဆရာတော် ဦးဂုဏနဲ့
အလှူတစ်ခုကို လိုက်သွားရင်း ကြုံခဲ့ရတာပါ။
ဧရာဝတီမြစ်ကမ်းနဖူးပေါ်က ရွာလေးတစ်ရွာပေါ့ဗျာ။
ဆရာတော်ကို အလှူပင့်တာဗျ။ အလှူမှာ
ဆရာတော်က အလှူတရား ဟောရမှာ၊

"တာတေ လိုက်ခဲ့၊ ဗဟုသုတ ရတာပေါ့"

ဆိုလို့ ကျုပ် ဆရာတော်နဲ့ လိုက်ခဲ့တာ။ ရွာနာမည်က
စည်တော်ကုန်းတဲ့။ တော်တော်သာယာတဲ့ ရွာကလေးဗျ
အိမ်ခြေငါးရာလောက် ရှိဆိုပဲ။ အလှူကလည်း
တော်တော်ကို ကြီးတာပါဗျာ။အနီးအနား ရွာတွေကပါ
လာကြတာဗျ၊ မိုးဗြဲဒယ်ကြီးတွေနဲ့ ထမင်းချက်ကြတာ။
လက်ကို မလည်ပါဘူးဗျာ။ ထမင်းကျွေးရုံကြီးကလည်း
အရှည်ကြီးကို ထိုးထားတာဗျ။ တစ်ခါကျွေးရင်
လူတစ်ရာကျော်လောက် ဆန့်တာ။ ဝက်သနီချက်ကလည်း
ကောင်းပါ့ဗျာ။ သရက်သီးပေါက်စိတ်သုတ်ကလည်း
အဆင်ပြေပြေ ကလေးဗျ။ ဆယ့်နှစ်မျိုး ဟင်းချိုက
လည်းကောင်း၊ ငရုပ်သီးကြော်ကလည်းကောင်း၊
ကလေး၊ လူကြီး အကုန်လုံး တဝစားကြီးတာဗျို့။

ကျုပ်တို့ အညာအလှူတွေက အဲဒါမျိုး သိပ်ချစ်ဖို့
ကောင်းတာဗျ၊ ကျွေးတဲ့လူတွေကလည်း စေတနာ
အပြည့်နဲ့ဗျ။ စားတဲ့သူကလည်း တဝစားတာဗျို့။
ဟန်ဆောင်ပန်ဆောင်တွေ ကျုပ်တို့ လုပ်လည်း
မလုပ်တတ်ပါဘူးဗျာ။

ကျုပ်က ဆရာတော်ကြီးတွေအနားမှာဗျ။

ဆရာတော်တွေ စကားပြောကြ၊ တရားဆွေးနွေးကြ
လုပ်နေတာကို မလှမ်းမကမ်းက နားထောင်နေတာ၊
ကျုပ်လိုပဲ လူကြီးလေးငါးယောက်လည်း ရှိတယ်ဗျ။
အလှူလုပ်တဲ့ ပုညဝတ္တဏကျောင်းကြီးက
ရှေးဟောင်းလက်ရာကျောင်းကြီးဗျ။ အတော်ကို
ကောင်းတဲ့ ဗိသုကာ လက်ရာတွေနဲ့ ဆောက်ထားတာ။

နှစ်ထပ်ကျောင်းကြီး။ကျောင်းဝိုင်းကြီးကလည်း
အကျယ်ကြီးဗျ။ ဒီဝင်းကြီးထဲမှာ ချက်ကြ၊
ပြုတ်ကြ၊ ကျွေးကြမွေးကြပေါ့ဗျာ။

တာတေ [ညမဖတ်ရ] အတွဲ ၂Where stories live. Discover now