ကဝေကျွန်းရှင်

632 22 2
                                    

Unicode

ကျုပ်တို့အညာမှာ တန်ဆောင်မုန်းဆိုရင်ပဲ အေးနေပြီဗျ။
ဝါခေါင်မှာ စိုက်ထားတဲ့ နှမ်းတွေနုတ်ပြီး
နှမ်းထောင်၊နှမ်းပုတ်၊ နှမ်းလှမ်း၊အိပ်သွပ်၊ ဆီပွတ်
ဖို့ ထားတာထား၊ မြို့ကပွဲရုံ ပို့တာပို့ပေါ့ဗျာ။

ကျုပ်ဖြင့်  အဘပင်ပန်းမှာစိုးလို့ အဘရှေ့ကနေ ကာ
ကာပြီး ကျုပ်ချည်းလုပ်ရတော့ လွှတ်ပင်ပန်းတာ
ဗျို့။ တောင်သူပဲဗျာ။ အားတယ်လို့ ဘယ်ရှိလိမ့်
မတုံး။ တောင်သူအလုပ်ဆိုတာက မလုပ်ရင်သာ
ရှိရမယ်၊ လုပ်လို့ကတော့ ကုန်သွားတယ်လို့ကို
ရှိတာမဟုတ်ဘူးဗျ။
ကျုပ်အဘကလည်း    တောင်သူမျိုးရိုးဆိုတော့
လွှတ်ကျွမ်းကျင်တဲ့လူဗျ။  ဒီတော့  ခင်ဗျားတွေး
သာကြည့်ဗျာ။ တောင်သူအလုပ်ကို  အဘလိုလူ
သဘောကျအောင် လုပ်ပေးရတယ်ဆိုတာ လွယ်
ပါ့မလားဗျာ။ ဒါပေမဲ့ ကျုပ်လည်း အဘ သွန်သင်
တာတွေ  မှတ်သားရင်းနဲ့  အတော်တော့  ဟုတ်
လာပြီဗျ။

"တာတေရေ…ကိုင်းခုတ်ဓါးနှစ်ချောင်း ဓါးရိုးလဲ
ရမယ်ဟေ့"

အိမ်ရှေ့ခန်းမှာ ရေနွေးကြမ်းထိုင်သောက်နေတဲ့
ကျုပ်ကို အဘက လှမ်းပြောတာဗျ။ကျုပ်အဘက
ပါးစပ်က ပြောပြီးတာနဲ့ ထလုပ်တဲ့လူဗျ။ ဟော ခု
လည်းကြည့်လေဗျာ။ ဓါးရိုးတွေ   လဲမယ်လို့ပြော
ပြီးတာနဲ့ နံရံမှာ   ထိုးထားတဲ့    ကိုင်းခုတ်ဓါးနှစ်
ချောင်းကို ထနုတ်တော့တာဗျို့။

"ငါ ဟိုတစ်ခါ မြို့သွားကတည်းက ဓါးခွေးတွေ
ဝယ်လာတာကွ"

ပြောပြီးတာနဲ့ တံခါးကြားမှာ ချိတ်ထားတဲ့ ကြေး
ဓါးခွေးတွေကို ထပြီးဖြုတ်တော့တာဗျ။
ပြီးတာနဲ့ နောက်မီးဖိုချောင်ကို သွားရောဗျို့။ မီးဖိုပေါ်က
ကြပ်စင်မှာ တင်ထားတဲ့ ဓါးရိုးနှစ်ချောင်းကို ဆွဲ
ထုတ်တာဗျ။ 

မီးဖိုချောင်က ကြပ်စင်ပေါ်မှာက
အဘစိတ်တိုင်းကျ  လုပ်ထားတဲ့  ဓါးရိုး ဝါးပိုင်းတွေက
အဆင်သင့်လေဗျာ။

တောတက်တဲ့အခါ သွားရင်းလာရင်းနဲ့ ကျုပ်အ
ဘက ဝါးပင်တွေ လိုက်ကြည့်နေတာဗျ။
ဆန်ခါရက်ဖို့၊ဆန်ကောရက်ဖို့၊ တောင်းရက်ဖို့၊ နှီးဖျာဖို့၊
ဓါးရိုးလုပ်ဖို့  ဆိုပြီး  ဝါးပင်တွေကို စိတ်တိုင်းကျ
ခုတ်တော့တာဗျို့။ 

တာတေ [ညမဖတ်ရ] အတွဲ ၂Where stories live. Discover now