Unicode
တောင်ကန့်လန့် ဆိုတဲ့ရွာက ကျုပ်တို့ထနောင်းကုန်းနဲ့တော့
အတော်လေး ဝေးသဗျ။ အဲဒီတုန်းက ကျုပ်က မြို့မှာ
ကျောင်းတက်တုန်းလေဗျာ။ ကျုပ်ကိုးတန်းတက်နေတဲ့နှစ်ပေါ့။
ကျုပ်မှတ်မိတယ်။ တန်ဆောင်တိုင် ကျောင်းပိတ်
ရက်ဗျ။ တောင်ကန့်လန့်မှာနေတဲ့ ကျုပ်သူငယ်ချင်း
စိန်ကျော် ခေါ်လို့ ကျုပ် လိုက်သွားတာဗျို့။
စိန်ကျော်က ကျုပ်ကို လွှတ်ခင်တဲ့အကောင်ဗျ။
လူက အသားဖြူဖြူ ပိန်ပိန်ပါးပါး စကားပြောရင်တော့
လျှာလေးအာလေးနဲ့ဗျ။ စိန်ကျော်တို့ရွာက
အတော်လေးဝေးသဗျ။ကားတစ်တန်၊လှည်းတစ်တန် သွားရတာ။
ဒီကောင်တွေရွာက ရိုးမနဲ့ တော်တော်လေးနီးတယ်။
သူတို့ရွာရဲ့ အနောက်ဘက် နှစ်မိုင်လောက်မှာ
တောင်ရိုးကြီးနဲ့ ဆိုရင်တော့ ကန့်လန့်ကြီးဖြစ်နေတာပေါ့ဗျာ။
အဲဒီတောင်ကြီးကို အစွဲပြုပြီး
စိန်ကျော်တို့ရွာကို တောင်ကန့်လန့်ရွာလို့ခေါ်ကြတာဗျ။ကျုပ်ရောက်သွားတဲ့ ရက်က အအေးဓါတ်ကလေး
စပြီးလွှမ်းနေတဲ့အချိန်ဗျ။
နိုင်ငံခြားတိုင်းပြည်တွေမှာတော့ အော်တန်လို့ခေါ်တဲ့
ဆောင်းဦးပေါက်ရာသီပေါ့ဗျာ။စိန်ကျော်တို့ရွာကို ကျုပ်ရောက်တဲ့ညမှာပဲ ရွာထဲက ကာလသားပေါက်စတွေရောက်လာကြတာဗျို့။
တောင်ကန့်လန့်သားတွေက လွှတ်ဧည့်ဝတ်ကျေတာဗျ။
အိမ်တစ်အိမ်များ ဧည့်သည်ရောက်ရင် ကျန်တဲ့
အိမ်တွေကလာပြီး ဧည့်ဝတ်ပြုကြတာဗျ။စိန်ကျော်တို့အိမ်က ဝိုင်းကြီးကလည်းကျယ်၊အိမ်ကြီးကလည်း
ဆိုတော့ အောက်ထပ်မှာ ကျုပ်တို့ ကလေးသာသာ
လူပျိုပေါက်တွေစုပြီး ဝိုင်းဖွဲ့နေကြတာပေါ့ဗျာ။
စိန်ကျော်တို့မိဘတွေကလည်း လက်ဖက်သုတ်၊
အမဲခြောက်ဖုတ်၊ ဆတ်သားခြောက်ဖုတ်တွေနဲ့
ဧည့်ခံတာပေါ့ဗျာ၊ ကျုပ်တို့လူစုလည်း စားလိုက်
သောက်လိုက် စကားတွေပြောလိုက်နဲ့ အရှိန်
ရလာကြတာပေါ့ဗျာ။ ပြောရင်း ပြောရင်းနဲ့
တစ္ဆေအကြောင်း သရဲအကြောင်းတွေ
ရောက်လာရောဗျို့။ ဒီမှာတင်ပဲ အောင်ကွန့်
ဆိုတဲ့ အကောင်က ပြောတာဗျ။
YOU ARE READING
တာတေ [ညမဖတ်ရ] အတွဲ ၂
Fanfictionအရင်တင်တဲ့ဘက်က ဆက်တင်လို့မရတော့လို့ပါ update မယ်လုပ်တိုင်း အပြင်ပဲ ပြန်ပြန်ရောက်နေတာ အဲ့ဒါကြောင့်မို့ စာအုပ်ခွဲလိုက်ပါတယ်။ ဒီဘက်မှာ လာဆက်ဖတ်ပေးကြပါနော် 💛။