Unicode
"တာတေ တာတေ ထ ထ"
ကျုပ်ကို လှုပ်နှိုးနေတာဗျ။
ကျုပ် နိုးသွားတော့ ကျုပ်အိပ်ရာဘေးမှာ ရပ်နေတဲ့
အဘထင်ကို ကြယ်ရောင် ဝိုးတိုးဝါးတားကလေးနဲ့ မြင်ရတယ်။ကျုပ်ကလည်း အဘထင်လိုပဲ လေသံခပ်အုပ်အုပ်လုပ်ပြီး
"အဘထင် သွားတော့မှာလား"
"အေးကွ"
ကျုပ်လည်း ခြင်ထောင်ထဲကထွက်ပြီး
ကွပ်ပျစ်အောက်မှာ ထိုးထားတဲ့ တူရွင်းကိုပါ ယူလိုက်တယ်။"ဒါ ဘာတုံးကြ"
"တူရွင်းလေ အဘထင်"
"အေး…ကောင်းတယ်။ကောင်းတယ်။
ငါက ပေါက်တူး ယူလာတယ်။
ပြီးတော့ ဂုန်နီအိတ်ခွံနှစ်လုံးလည်း ပါတယ်"ကျုပ်နဲ့ အဘထင်နဲ့ လေသံအုပ်အုပ်ကလေးနဲ့ ပြောကြပြီး
ကျုပ်တို့ဝိုင်းထဲက ထွက်လာခဲ့တယ်။"ဘုတ် ဘုတ် ဘုတ် ဘုတ်"
ဟင် ကျုပ်တို့ရှေ့ ခပ်လှမ်းလှမ်းက ကြားတာဗျ။
ဘာသံပါလိမ့်"အဘထင် ရှေ့က ဘုတ် ဘုတ်နဲ့ ကြားလား ဘာသံတုံးဗျ"
"တာတေကလည်း ဒါတောင် မသိဘူးလား။
အဲဒါ ကိုသြပေါ့ကွ။ခြေသံကို သေသေချာချာ
နားထောင်ပြီး ခြေသံနောက်က လိုက်ရမှာ""ဟင် ဟုတ်လား"
ကျုပ်ဖြင့် ကျောထဲမှာ စိမ့်ကနဲတောင် ဖြစ်သွားတယ်ဗျ။
ကြက်သီးတွေလည်း ဖျန်းခနဲ ထသွားတယ်။ဟိုတစ်ခါက
ပြောသလို ဖြစ်တာထင်ပါရဲ့ဗျာ။ကြောက်တာမဟုတ်ဘူး
လန့်တာတဲ့။"ဘုတ် ဘုတ် ဘုတ် ဘုတ်"
မြေပြင်ပေါ်ကို နင်းတဲ့ ခြေသံက တော်တော်ပြင်းတာဗျို့။
ဒီခြေသံကို မှန်းကြည့်ရရင် ဆရာသြဆိုတဲ့ သရဲကြီးဟာ
အရွယ်တော်တော်ကြီး ပုံရတယ်ဗျ။အဘထင်က ပေါက်တူးနဲ့ ဂုန်နီအိတ်ခွံလိပ်ကိုထမ်း
ကျုပ်က တူရွင်းပြားကို ထမ်းလို့ပေါ့ဗျာ။ညကလည်း
လဆုတ်ညဆိုတော့ ကြယ်ရောင်ကလေးပဲ ရှိတာဗျ။
ရွာပြင်ရောက်တော့ ခြေသံကြီးက ဘန့်ဘွေးကုန်းဘက်ကို
မသွားဘဲ မီးလောင်ကုန်းဘက်ကို သွားတာဗျို့။
YOU ARE READING
တာတေ [ညမဖတ်ရ] အတွဲ ၂
Fanfictionအရင်တင်တဲ့ဘက်က ဆက်တင်လို့မရတော့လို့ပါ update မယ်လုပ်တိုင်း အပြင်ပဲ ပြန်ပြန်ရောက်နေတာ အဲ့ဒါကြောင့်မို့ စာအုပ်ခွဲလိုက်ပါတယ်။ ဒီဘက်မှာ လာဆက်ဖတ်ပေးကြပါနော် 💛။