ဖျာလိပ်နတ် မအောင်ဖြူ အပိုင်း( ၅ )

443 42 12
                                    

Unicode

"ကဲ …ကိုဘခင် သမီးလေး ခေါ်လိုက်ဗျာ"

လို့ လေးလေးဘခင်ကို လှည့်ပြောလိုက်တယ်။

"ခင်ထားရေ …သမီး ဒီကို လာဦးဟေ့"

လို့ လေးလေးဘခင်က လှမ်းခေါ်လိုက်တော့မှ အ
ခန်းထဲက ခင်ထား ထွက်လာတယ်၊ ခင်ထားနောက်
ကနေ မြနွယ်တို့ လေးယောက်လည်း ပါလာတယ်ဗျ။

"လာ ကလေး၊ ဆရာ ရှေ့ကို လာခဲ့"

"ခင်ထားက ဆရာ ဦးတင်မောင်ရှေ့မှာ ခင်းထားတဲ့
ဖျာလေးမှာ ဝင်ထိုင်လိုက်တယ်။ လေးလေးဘခင်နဲ့
ဦးလူဝက ဆရာ့ရဲ့တောင်ဘက်မှာ ထိုင်လို့ဗျ။ ကျုပ်
နဲ့ အရီးမရီက ဆရာ့မြောက်ဘက် မလှမ်းမကမ်းမှာ
ထိုင်လိုက်တယ်။  ကောင်မလေးတွေကတော့ ကျုပ်
တို့နောက် ခပ်လှမ်းလှမ်းမှာ ထိုင်နေကြတာဗျ။ ဆရာ
က ခင်ထားလက်ကို ကိုင်ပြီး  သွေးစမ်းတယ်။  သွေး
စမ်းတုန်းမှာ မျက်စိတွေကို မှိတ်ပြီး   အာရုံခံကြည့်
နေတယ်ဗျ။ ခဏကြာတော့ ခင်ထားလက်ကို လွှတ်
လိုက်ပြီး ခေါင်းခါပြတယ်။

"ကလေးမမှာ ဘာအစွဲမှ မရှိဘူးဗျ"

"အစွဲမဟုတ်ရင် ဘာများတုံး ဆရာရယ်"

လေးလေးဘခင်က စိုးရိမ်တကြီး မေးလိုက်တာဗျ။

"ဘာဆိုတာ နောက်တော့ သိလာမှာပါ ကိုဘခင်၊
အခုတော့ နောက်ထပ်မပတ်သတ်အောင် ကျုပ်
လုပ်ပေးခဲ့မယ်"

ဆရာဦးတင်မောင်က တင်ပလ္လင်ခွေ ပြင်ထိုင်ပြီး
အမိန့်ပြန်တယ်ဗျ။

"ဟောဒီက ကလေးမလေး ခင်ခင်ထားကို ကပ်ငြိ
တွယ်တာနေတာ သတ္တဝါသည် မည်သို့သော
သတ္တဝါဖြစ်စေ၊ အခုချက်ချင်း ငါဆရာရှေ့မှောက်
သို့ အရောက်လာစေရမည်၊ ဘုရားအမိန့်၊ တရား
အမိန့်၊ သံဃာအမိန့်၊ အထက်ဆရာကြီးများအမိန့်၊
သိကြား၊ နတ်၊ ဗြဟ္မာအပေါင်း စတုလောကပါလ
နတ်မင်းကြီးများပါ သိရှိစေရမည်"

"ဖုန်း၊ ဖုန်း၊ ဖုန်း"

ဟာ…ထောင်ထားတဲ့ ဖျာလိပ်တွေ လေမတိုက်ဘဲ
တဖုန်းဖုန်းနဲ့ လဲကုန်တာဗျို့။ ဖျာလိပ်သုံးလိပ် လဲ
သွားတာ။ ဟော ဘုရားပူဇော်ထားတဲ့ ဖယောင်းတိုင်
တွေတောင် ငြိမ်းမလိုဖြစ်သွားတာဗျ။ ဆရာဦးတင်
မောင်က ဘေးဘီကို တစ်ချက်လှည့်ကြည့်ပြီး အ
ကဲခတ်လိုက်တယ်။

တာတေ [ညမဖတ်ရ] အတွဲ ၂Where stories live. Discover now