ဒုတိယ မဖဲဝါ

675 32 1
                                    

Unicode

တာတေဆိုတဲ့ ကျုပ်က စပ်စပ်စုစု သိပ်လုပ်
တော့ နှိုက်နှိုက်ချွတ်ချွတ်တွေလည်း သိတာ
ပေါ့ဗျာ။ကျုပ်တို့အညာသားများ နွားများတော့
တအားချစ်တာဗျ။ ကိုယ့်အိမ်က နွားကြီးတွေ
ဆိုရင် မျက်ခြည်မပြတ် ကြည့်နေကြတာ။

အစာကျွေးချိန် မှန်ရတယ်။ ရေချိုးရန် မှန်ရ
တယ်။ ပြီးရင် သူတို့ ဆီးသွားတာ၊ ဝမ်းသွား
တာကို အမြဲတမ်း အကဲခတ်နေရတာဗျ။ ဆီး
နဲ့ဝမ်းကို ကြည့်ပြီးမှ လိုတဲ့ ဆေးဝါးတိုက်ကျွေး
ပေးရတာဗျို့။ ခုနက စကားပဲ ပြန်ဆက်ရဦး
မယ်။ ကျုပ်က လွှတ်စပ်စုတဲ့ကောင်ဆိုတော့
နှိုက်နှိုက်ချွတ်ချွတ်တွေ အတော်သိသားဗျ။

ကျုပ်တစ်ခါက ခရီးသွားတုန်း ဟင်္သာတဘက်
က ဘိုးတော်တစ်ယောက်နဲ့ ဆုံဖူးသဗျ။ ဒီဘိုး
တော်က  နွား  အားကြီးချစ်တာဗျို့။ ကျုပ်က
လည်း နွားချစ်တဲ့အကောင်ဆိုတော့ တန်းခင်
သွားတော့တာပေါ့ဗျာ။

ဒီမှာတင် သူပြောပြတဲ့ နွားဆေးကို ကျုပ်သိခဲ့
ရတာဗျ။ လူတိုင်းတော့ ကြိုက်ချင်မှ ကြိုက်မှာ
ဗျ။ ကျုပ်ကတော့ စူးစမ်းချင်တဲ့အကောင်ဆို
တော့ အဘနွားကြီးတွေကို စမ်းကြည့်တာ
ကျုပ်အဘတောင် မသိဘူးဗျ။

ဘာပြောကောင်းမတုံးဗျာ။  ကျုပ်တို့နွားကြီး
တွေ ဝဖီးတက်လာပြီး ကျန်းမာရေးဆို ဒေါင်
ဒေါင်ကို မြည်နေရောဗျာ။ဒီလိုဗျ။ ခင်ဗျားမှာ
နွားရှိရင်  စမ်းကြည့်လေ။  မလုပ်ရဲလည်း မ
လုပ်နဲ့ပေါ့ဗျာ။ မြွေပွေးဖြစ်ဖြစ်၊  မြွေဟောက်
ဖြစ်ဖြစ်ပေါ့ဗျာ။အသေရခဲ့ရင် ဝါးဘိုးဝါးကျည်
တောက်ထဲမှာ အဲဒီမြွေသေကို ခွေပြီထည့်ဗျ။
ပြီးရင်  ကျည်တောက်ကို  ဆားအပြည့်သိပ်
လိုက်။ နွားတင်းကုတ်ထဲက တိုင်တစ်တိုင်မှာ
အဲဒီဝါးဘိုးကျည်တောက်ကို ချိတ်ထား။

ဆားက  တဖြည်းဖြည်း  ကျသွားလိမ့်မယ်။
ဆားထပ်သိပ်။ အဲဒီလို ဆားကျလိုက် ထပ်
သိပ်လိုက် လုပ်ပေးရင်းနဲ့ နောက်တော့ ဝါး
ကျည်တောက်ရဲ့မျက်နှာပြင်ပေါ်မှာ ရေစက်
ကလေးတွေလို အရည်တွေသီးပြီး ထွက်လာ
လိမ့်မယ်။ ဒီတော့မှ နွားကို ဝါးကျည်တောက်
နားခေါ်သွားပြီး ပေးလိုက်။နွားက အဲဒီအရည်
ကလေးတွေကို အငမ်းမရလျက်လိမ့်မယ်။
ဆားက သိပ်သိပ်ပေး။

တာတေ [ညမဖတ်ရ] အတွဲ ၂Where stories live. Discover now