ခြေရာတစ်တောင် ငနက်မှောင်

730 52 0
                                    

Unicode

အညာမိုးဆိုတာ စွေပြီးရွာတယ်လို့ ဘယ်ရှိမှာတုံးဗျာ။
သဲသိပ်ရုံလောက်ပဲ ရွာတာပါ။
ဒါပေမယ့် ညကရွာတဲ့မိုးကတော့ တော်တော်ကြာသားဗျ။
မိုးအအေးဓါတ်ကလေးနဲ့ ကျုပ်လည်း အိပ်ရာထဲမှာ ခွေနေတာဗျ။
နိုးလာလိုက်။ပြန်အိပ်သွားလိုက်နဲ့ပေါ့ဗျာ။

ကိုကြီးတာတေ ကိုကြီးတာတေ"
ကျောက်ခဲအသံဗျ။ဒီကောင် ဘာဖြစ်လာတယ်
မသိဘူးဗျို့။ပျာပျာ ပျာပျာပျာနဲ့ ရောက်လာပြန်ပြီ
ကျုပ်လည်း အိပ်ရာကနေ ကပျာကယာ
ထလိုက်ရတာပေါ့ဗျာ။
ဒီကောင် အိမ်ပေါ်ကို တန်းပြီးတက်လာတာဗျို့။
ကျုပ်ခြင်ထောင်ဖွင့်ပြီး ထွက်လာတာနဲ့ ကျောက်ခဲက
ကျုပ် အိပ်ရာဘေးကို ရောက်နေပြီဗျ။

"ဟေ့ကောင် ကျောက်ခဲ ဘာတွေအလုပ်များနေတုံး"

"အလုပ်ကတော့ အမြဲများနေတာပေ့ါ ကိုကြီးတာတေရာ
ကျုပ်တို့က တောင်သူသားတွေ မဟုတ်လားဗျာ"
ကျုပ်ခေါင်းညိတ်ပြရင်း အိပ်ရာက ထလိုက်တယ်။
ကျုပ်မျက်နှာသစ်ပြီး ထွက်လာတော့ အမေ
အဆင့်သင့်ပြင်ပေးထားတဲ့ ထမင်းကြမ်း စားတယ်ဗျ။
အဘမြို့က ပြန်လာတော့ ဝယ်လာတဲ့ အမဲသားကို
ခရမ်းချည်သီးနဲ့ သေသေချာချာ ဆီပြန်ချက်ထားတဲ့
ဟင်းဗျ။

"ကျောက်ခဲ ထမင်းကြမ်း စားလေ"

"ကျုပ် စားခဲ့ပြီးပြီဗျ။ကိုကြီးတာတေ"

ကျုပ်က ထမင်းကြမ်းစားတော့ ဒီကောင် ရေနွေးကြမ်း
သောက်နေတယ်။

"နို့ နေပါဦး ကျောက်ခဲရဲ့ မင်း အစောကြီး
ရောက်လာတာ ကိစ္စရှိလို့လားကွ"

"ရှိသမှ ကိစ္စက သေးသေးလေး မဟုတ်ဘူးဗျ။
တစ်တောင်ကျော်,ကျော်ကို ရှိတာ"

"ဘာကွ မင်းစကားက အဆန်းပါလား။ကိစ္စက
တစ်တောင်ကျော်,ကျော်ရှိတယ် ဟုတ်လား
ဘာအဓိပ္ပါယ်တုံး ကျောက်ခဲရ"

ကျုပ်က ထမင်းကြမ်းစားရင် ကျောက်ခဲကို
လှမ်းကြည့်နေတာဗျ။

"ကိုကြီးတာတေက အိပ်ရာက အခုမှနိုးတာကိုဗျ
ဘာသတင်းမှ မကြားသေးဘူးပေါ့"

"ဟေ့အေး ငါ ဘာမှ မကြားသေးဘူးကွ
ရွာထဲမှာ ဘာများဖြစ်လို့တုံး"

တာတေ [ညမဖတ်ရ] အတွဲ ၂Where stories live. Discover now