ကဝေပုရပိုက် part-2 final

717 62 0
                                    

Unicode

"ဟေ့ကောင် တာတေ လာကွ၊ ငါ မင်းကို
မျှော်နေတာ "

ဝိုင်းဝမှာ ဘွားကနဲ ပေါ်လာတဲ့ ကိုဗလက ကျုပ်ကို
ခေါ်တယ်ဗျ။ ကျုပ်ဝိုင်းထဲ ဝင်ခဲ့တယ်၊ ကိုဗလတို့
အိမ်ကြီးက တော်တော်ကို ကောင်းတာဗျ၊
ရေနံကလည်း သုတ်ထားလိုက်တာ ၊ မည်းနက်
နေတာဗျို့၊ ကိုဗလက အိမ်ထောင်မရှိဘူးဗျ။
အသက်သုံးဆယ်ကျော်လောက် ရှိပါပြီ။
ကျန်တဲ့ ညီအစ်ကိုမောင်နှမတွေက အိမ်ထောင်
ကျပြီး အိမ်ခွဲကုန်ကြတော့ သူပဲ အိမ်မှာ ကျန်နေတာ။

ကျုပ်ရောက်တဲ့အချိန်မှာ ကိုဗလတစ်ယောက်တည်းဗျ။
သူတို့ရွာက အကြော်တွေ ဝယ်ထားတာရော၊
ဆတ်သားခြောက်မီးဖုတ်ရော၊ ရေနွေးကြမ်းနဲ့
ဧည့်ခံပါတယ်၊ ကျုပ်တို့ရွာဓလေ့ပေါ့ဗျာ။
ကျုပ်လည်း အမောပြေ ရေနွေးကြမ်းသောက်ပြီး
အပန်းဖြေရတာပေါ့ဗျာ။

"ညက ကိုစစ်နိုင်တို့အိမ်ကို ရောက်တော့တောင်
ဆရာသာလာယက ငါ့ကို မေးနေတယ်ကွ၊ မောင်
တာတေ လာမှာ သေချာရဲ့လားတဲ့ကွ၊ မင်း
မလာမှာကို သူစိုးရိမ်နေတာကွ တာတေရ "

ကျုပ်က ကိုဗလစကားကို ကြားတော့ ပြုံးရုံပဲ
ပြုံးပြလိုက်တယ်။ စိတ်ထဲမှာတော့ …

"ဒီလိုပွဲကြီးပွဲကောင်းမျိုးကို တာတေဆိုတဲ့ ကျုပ်က
လက်လွတ်ခံပါမလားဗျာ "

လို့ ပြောလိုက်မိတာပါ။

အိမ်ကြီးက ကျုပ်တို့အညာဓလေ့အတိုင်း ဆောက်ထားတဲ့
ခြေတံရှည်အိမ်ကြီးဗျ။ အောက်ထပ်ကိုပါ ဆင့်စီပြီး
ပျဉ်ခင်းထားတာ၊ ဒါပေမဲ့ အိမ်ခေါင်းရင်းမှာသာ
ဧည့်သည်စောင်သည်လာရင် ဧည့်ခံဖို့ သင်ဖြူးဖျာ
ကလေးတွေ ခင်းလို့ဗျ။ ကျန်တဲ့ နေရာတွေမှာတော့
ကြက်သွန်နီတွေအပြည့် ဖုံးထားတာ။ ကြက်သွန်နီကြီးတွေ
ဆိုတာ တင်းပြောင်နေတာဗျို့။ အရွယ်ကလည်း
ညီပါ့ဗျာ၊ လှချက်တော့ ပြောမနေပါနဲ့တော့ဗျာ။

"ကိုဗလတို့ ကြက်သွန်တွေ ကောင်းချက်ဗျာ"

"အေးကွ တာတေရ၊ ဒီနှစ် ငါတို့ရွာက ကြက်သွန်တွေ
အောင်ကြသားကွ၊ စိုက်တယ် ပျိုးတယ် ဆိုတာကလည်း
ဝီရိယချည်း အားကိုးလို့ရတာ မဟုတ်ဘူးလေကွာ၊
ကံကလည်း လိုက်ဦးမှ တာတေရ၊ ရာသီဥတုကလည်း
သီးနှံကြိုက် ရာသီဥတုဖြစ်ဦးမှ၊ သီးနှံက
အထွက်တိုးပြီး အောင်အောင်မြင်မြင် ဖြစ်တာမို့လား "

တာတေ [ညမဖတ်ရ] အတွဲ ၂Where stories live. Discover now