မရဏဆုံမှတ်

795 51 2
                                    

Unicode

ဓါတ်ဆက်ပြီးတော့ အမြင်ဖွင့်ပေးလို့ရတယ်
ဆိုတာကို ဘထစ်ရော၊ ကျုပ်ရော သိသွားကြတာပေါ့ဗျာ။
ဒါပေမဲ့ ဘထစ်က ပြောတယ်ဗျ။

"ဟေ့ကောင် တာတေ၊ ဒါ လူတိုင်းကို လုပ်ပေးလို့ မရဘူး။
မင်းက နဂိုဓါတ်ခံကောင်းလို့ ရတာ"

ကျုပ် နားမလည်ဘူးဗျ။ ဘထစ်ပြောတဲ့
နဂိုဓါတ်ခံဆိုတာ ဘာကိုပြောမှန်း ကျုပ် မသိဘူး။
ဒါပေမဲ့ မေးလည်း မမေးတတ်ဘူးဗျ။ဒီအတိုင်းပဲ ငြိမ်နေရတာပေါ့ဗျာ။

ကျုပ် မှတ်မိသေးရောဗျာ။ အဲဒီလက သီတင်းကျွတ်လဗျ။
ကျုပ်တို့တွေ ပထမအစမ်းစာမေးပွဲ ဖြေနေကြတာ။
ပထဝီဖြေတဲ့နေ့ ထင်တယ်ဗျ။ စာမေးပွဲဖြေပြီးလို့
အခန်းထဲကနေ ထွက်လာတော့ ဘထစ်က
ကျောင်းဝန်းထဲက မန်ကျည်းပင်အောက်မှာ
ရပ်ပြီး ကျုပ်ကို စောင့်နေတယ်ဗျ။

"တာတေ လာဦးကွ၊ မင်းကို ငါပြောစရာရှိလို့ "

ကျုပ်က ဘထစ်ဆီကို လျှောက်သွားရင်း
လှမ်းပြောလိုက်တယ်။

"အေး ပြော၊ ဘာတွေ ပေါက်ပေါက်ရှာရှာ
လုပ်ဦးမလို့လဲကွ ဘထစ်ရ"

ဒီကောင် ကျုပ်ပြောတော့ ရယ်တယ်ဗျ။

"ဟာ ဘာမှ ပေါက်ပေါက်ရှာရှာ မလုပ်ပါဘူးကွာ။
ငါ သီတင်းကျွတ် ကျောင်းပိတ်ရက်မှာ ရွာပြန်မလို့ကွ"

"ဟေ ရွာ ဟုတ်လား ဘထစ်၊ မင်းမှာ ရွာရှိလို့လား "

"ဟေ့ကောင် တာတေ၊ ဘထစ်က တောထဲမှာ
အလေ့ကျပေါက်တဲ့ သစ်ပင်မဟုတ်ဘူးကွ"

" ဟာ ဘထစ်ကလည်း ငါက အဲဒီလို ပြောတာ
မဟုတ်ပါဘူးကွာ၊ မင်းက မင်းငယ်ငယ်ကတည်းက
မိဘတွေ တိမ်ပါးကုန်လို့ မင်းရဲ့ ဘဘုန်းကြီးက
မွေးစားတာဆို ၊ ဆွေမျိုးသားချင်း ဆိုတာလည်း
မင်းမှာ လုံးဝမရှိဘူးလို့ မင်းပဲ ငါ့ကို
ပြောခဲ့တာလေ။ ဒါကြောင့် ငါ့က ပြောတာကွ"

"အေး ဟုတ်တယ်၊ မင်းပြောတာ မှန်တယ် တာတေ၊
ငါ အခု သွားမှာက ဘဘုန်းရဲ့ ကျောင်းကို သွားမှာ။
အဲဒီရွာမှာ ငါကြီးလာခဲ့ရတာ။ ဘဘုန်း မရှိပေမဲ့
တစ်ရွာလုံးက ငါ့ကို ခင်ကြတာကွ၊ပြီးတော့
သီတင်းကျွတ်လပြည့်မှာ ရွာဘုရားပွဲရှိတယ်။
လေးကျွန်းမာရ်အောင် ဘုရားပွဲကွ။
အားကြီးစည်တာ၊ ပျော်စရာအားကြီး
ကောင်းတာကွ၊ ဒီအချိန်ဆိုရင် ယင်းချောင်းကြီးက
ရေကျသွားလို့ သောင်တွေ ပေါ်နေပြီ။
အဲဒီမှာ ကြက်သွန်ခင်းတွေ စိုက်ဖို့ နေရာတွေ
မှတ်နေကြပြီပေါ့ကွာ"

တာတေ [ညမဖတ်ရ] အတွဲ ၂Where stories live. Discover now