တွင်းအောင်းတစ္ဆေ

725 50 0
                                    

Unicode

ဒီကောင်ကို ကျုပ်တို့သူငယ်ချင်းအားလုံးကပုရစ်လို့ခေါ်တာဗျ။ခေါင်းက ကြီးကြီး၊ နဖူးက ပြောင်ပြောင်၊ မျက်လုံးက ပြူးပြူး၊မျက်နှာပေါက်ကလည်း စုတ်ချွန်းချွန်းနဲ့ဗျ။

ဒါကြောင့်လည်း ပုရစ်လို့ခေါ်တာပေါ့ဗျာ။စကားပြောတော့လည်း ခင်ဗျား နားထောင်ကြည့်၊ ပုရစ်သံ၊ စူးစူးရှရှ အသံမျိုးဗျ။ဒီကောင့်နာမည်က သိန်းအေးတဲ့။ဒါပေမဲ့တစ်ရွာလုံးက သိန်းအေးလို့ ဘယ်သူမှမခေါ်ဘူး၊ ပုရစ်ပဲ ခေါ်ကြတာ။ သိန်းအေးကို ပုရစ်လို့ ခေါ်ရတဲ့နောက်အကြောင်း
တစ်ခုရှိသေးတယ်ဗျ။

အဲဒါကတော့ တော်တော်ထူးဆန်းတဲ့ကိစ္စတစ်ခုပဲဗျာ။ဘာလဲဆိုတော့ ပုရစ်နဲ့တူတဲ့ သိန်းအေးက ပုရစ်ဖမ်းတဲ့နေရာမှာ အတော်ဆုံးမို့လို့ပဲဗျ။ကျုပ်တို့ ထနောင်းကုန်းတစ်ရွာလုံးမှာ သိန်းအေးလောက်ပုရစ်နှိုက်တဲ့ကောင် တစ်ကောင်မှကိုမရှိတာဗျ။ ဟိုတုန်းက ကျုပ်သူငယ်ချင်း
အောင်စိန်တို့ လျင်တယ်ဆိုပေမယ့်လည်း ပုရစ်ဖမ်းရင်တော့ သိန်းအေးကို ဘယ်လိုမှကို မယှဉ်နိုင်တာဗျ။

နောက်ပြီးတော့ ပုရစ်ဆိုတဲ့ကောင်ကလူကောင်သေးသေးညှက်ညှက်ကလေးဗျ။ အင်္ကျီချွတ်ထားရင် ရင်ဘတ်မောက်
မောက်ကလေးနဲ့။ ပုရစ်က သူရဲ့အသံစီစီ စူးစူးရှရှလေးနဲ့ စကားကို အော်ဟစ်ပြောတဲ့အခါ ရွာထဲကလူတွေက…

"ပုရစ်ရာ မင်းကလည်း စကားကို
ပုရစ်သံနဲ့ပြောနေပြန်ပြီ"

လို့ ပြောကြသဗျ။ အဲဒီအခါဆိုရင်
နောက်တစ်ယောက်က …

"ဟကောင်ရ၊ ပုရစ်ပါဆိုနေမှ ပုရစ်သံနဲ့
ပြောမှပေါ့ကွ"

လို့ ပြောကြတယ်။ပုရစ်က ကျုပ်သူငယ်
ချင်းဗျ။ ဒါပေမဲ့ ဒီကောင်က မြို့ကျောင်း
တော့ မတက်ဘူးဗျ။လေးတန်းအောင်ပြီး
တော့ ရွာမှာပဲ နေခဲ့တော့တာ။ ဒါပေမဲ့
ရပ်ရေးရွာရေး ရှိလို့ကတော့ ပုရစ်က
ကျုပ်တို့ အရင်ရောက်နေတဲ့ကောင်ဗျ။
ပြီးတော့ ပုရစ်က လွှတ်ဖင်တာ။ဘာ
ပဲလုပ်စရာရှိရှိ သူများအလုပ်ကို ထိုင်
စောင့်နေတာ မဟုတ်ဘူး။ ရှေ့က
ထလုပ်တဲ့ကောင်။ ပုရစ်က ပုရစ်နှိုက်
တဲ့နေရာ၊ ပုရစ်ဖမ်းတဲ့နေရာမှတင်
ချိန်ပီယံဖြစ်တာ မဟုတ်ဘူးဗျ။

တာတေ [ညမဖတ်ရ] အတွဲ ၂Where stories live. Discover now