Part-6

2.5K 109 2
                                    

Unicode

"မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ
အချစ်မပေါ့စေနဲ့...."

အပိုင်း(၆)

"ပန်ပန်.. ထစမ်း.. ဘယ်အချိန်ရှိနေပြီလဲ.."

မိုးလေးတဖွဲဖွဲနှင့် အိပ်ကောင်းနေတုန်း အမေ့အော်သံကစူးထွက်လာသဖြင့် ပန်ပန်အိပ်ရာပေါ်မှလူးလွင့်ရင်း..

"အင်း.. အမေကလည်း အိပ်ကောင်းနေတာကို အိပ်ချင်သေးတယ်.."

"ဘာအိပ်ချင်သေးသလဲ ဆယ်နာရီထိုးတော့မယ် ထတော့.."

"၅မိနစ်ပဲ ... ၅မိနစ်အိပ်ပြီးရင်ထတော့မယ်.."

အမေ့ကိုပြန်အော်ပြောရင်း စောင်ခေါင်းမြှီးခြုံလိုက်ပါသော်လည်း..

"ညည်းထမလား ငါရေလာလောင်းရမှာလား မိပန်ပန်.."

"ဟင့်..."

အမေ့စကားကြောင့် ပန်ပန်လည်းဆက်မအိပ်ရဲတော့ဘဲ စူပုပ်စူပုပ်နှင့်ထလာတော့သည်။ မထချင်ဘဲထရတော့ မျက်နှာသစ်ပြီးသည်အထိ မျက်နှာကမကြည်မလင်..။

"တကတည်းတော်.. အမေလုပ်သူက မနက်အစောကြီးထ ဆိုင်ဖွင့်ဖို့ပြင်ဆင်တာကို နည်းနည်းလေးတောင် အလိုက်သတိကူဖော်မရဘူး အိပ်နေလိုက်တာများ သိုးနေတာပဲ..."

"မိုးရွာတော့အိပ်လို့ကောင်းတယ်လေ အမေရဲ့.."

"မိုးမရွာလည်း ညည်းဘယ်တုန်းကများ အစောကြီးထဖူးလို့လဲ.. ဘယ်သူမှဒီအချိန်ထိမအိပ်ဘူး သူဌေးတွေတောင်မအိပ်ဘူး.."

ထုံးစံအတိုင်း အမေ့၏ပွစိပွစိရေရွတ်သံတို့က မိုးမနက်ခင်းမှာပျံ့လွင့်လာတော့သည်။ ပန်ပန် နားကိုပိတ်ထားရသည်။

စောင်ခေါက်ဖို့ပြင်တော့ စောင်ပေါ် ရောက်နေသည့်မောင်လုံးလုံးကြောင့် ဒီအတိုင်းပဲ လုံးထွေးထားလိုက်သည်။ ဒီအိမ်မှာပန်ပန့်ထက် အိပ်ရာထက်နောက်ကျသူက လုံးလုံးပဲဖြစ်သည်။ သခင်ကမထမချင်း လုံးဝကိုမထဘူး။ ကွေးနေအောင်အိပ်သည်။ အခုလိုမိုးအေးတော့ ပိုဆိုးသည်။ သခင်ထနေတာတောင်သူကမထ။ မသိချင်ဟန်ဆောင်ပြီး ဆက်အိပ်သည်။ တကယ့်ခွေး..။

"ကုတင်အောက်မှာသေချာခင်းပေးထားတာတောင် အိပ်ရာပေါ်ခိုးတက်ဖြစ်အောင် တက်သေးတယ် ပြီးရင်ငါပဲအဆူခံရတယ်.."

မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ၊ အချစ်မ​ပေါ့စေနဲ့ Tempat cerita menjadi hidup. Temukan sekarang