Part-22

2.4K 134 9
                                    

Unicode

"မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ
အချစ်မပေါ့စေနဲ့...."

အပိုင်း(၂၂)

"အမေရေ..."

အော်သံနှင့်အတူဆိုင်ထဲရောက်ချလာသည့်သမီးကြောင့် မုန့်ဟင်းခါးပန်းကန်တွေဆေးကြောနေသည့်ဒေါ်မိုးလည်း ကပျာကယာထွက်လာပြီး

"စောစောစီးစီး.. ဘာဖြစ်လို့လဲသမီး"

"ဘာမှမဖြစ်ဘူး ထမင်းလာစားတာ အမေ.. ထမင်းရှိတယ်မဟုတ်လား"

"အေး... အမေ ဆတ်သားခြောက်နဲ့ထမင်းကြော်ထားတယ်"

"အာဟ.. ကြိုက်တယ်"

ဒေါ်မိုးစကားအဆုံးမှာပင် ပန်ပန်က ဆိုးဆိုးဆတ်ဆတ်နှင့် ပန်းကန်တစ်လုံးဆွဲယူပြီး ထမင်းကြော်ကို ခူးခပ်စားတော့သည်။ ဒေါ်မိုးလည်းဆေးလက်စပန်းကန်ကို အမြန်လက်စသတ်ပြီးသည်နှင့် သမီးဖြစ်သူကို ရတက်မအေးစွာ မေးမိသည်။

"ဘာဖြစ်လို့ ကိုယ့်အိမ်မှာမစားသလဲ မချက်လို့လား"

"ချက်ပါတယ် ဟိုဖင်ခေါင်းစတားတဲ့ကောင်ကြီးက မစားခိုင်းလို့လေ.. အာ့ကြောင့်ပန်ပန်အမေ့ဆီလာစားရတာပေါ့"

"ဘာ.. ဘယ်သူ့ကိုပြောသလဲ"

ဒေါ်မိုးနားရူပ်စွာပြန်မေးတော့ ပန်ပန်က စားနေရင်းမှပင် မျက်နှာကိုမဲ့လိုက်ပြီး

"ဒီရပ်ကွက်မှာ ဖင်ခေါင်းစတားဆုံးက ဘယ်သူရှိရမှာလဲ ကောင်းခြင်းတည်မြဲလေ ဟွန့်"

"ဟဲ့.. ကိုယ့်ယောင်္ကျားကိုဘယ်လိုပြောရသလဲ ပန်ပန်"

အမေက မနှစ်မြိုစွာဟန့်တားလိုက်သည့်တိုင် ပန်ပန်ကတော့ "ကိုယ့်ယောင်္ကျား"ဆိုသည်စကားကြောင့် ကျောတွေပင်တွန့်သွားရ၏။ ဒီစကားက ပန်ပန့်အတွက် အစိမ်းသက်ကြီးလို ဖြစ်နေသည်ကို။

"ယောင်္ကျားလို့မပြောပါနဲ့ အမေရာ သူနဲ့ပန်ပန် ဘာမှမဆိုင်ဘူး"

"ဒီကောင်မလေးနှယ့်အေ..."

ယူထားတာမှတစ်ရက်ပဲရှိသေးသည်။ ပြောပုံကိုလည်းကြည့်ဦး။ ပန်ပန်ကပြောရင်း ဒေါသထွက်လာပုံရသည်။ ပလုတ်ပလောင်းစာနေရင်းကို ဒေါသတကြီးဆိုတော့သည်။

မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ၊ အချစ်မ​ပေါ့စေနဲ့ Nơi câu chuyện tồn tại. Hãy khám phá bây giờ