Part-48

2.6K 165 12
                                    

Unicode

"မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ
အချစ်မပေါ့စေနဲ့...."

အပိုင်း(၄၈)

"သမီး... မေမေပြောစရာရှိတယ်"

မေမေ့စကားကြောင့် ငြိမ်းသောက်လက်စ ကော်ဖီကို ချထားလိုက်ရင်း

"ဟုတ်ကဲ့ ပြောပါ"

"မောင်ကောင်းခြင်းတည်မြဲက အိမ်ထောင်ရှိတယ်မဟုတ်လား"

"ရှင်"

မေမေဘာကိုဆိုလိုချင်မှန်းမသိသဖြင့် ငြိမ်း ဒီအတိုင်းမေမေ့ကိုသာကြည့်မိသည်။ ဒေါ်ကေသီငြိမ်းသက်ပြင်းချလိုက်ပြီး

"သမီးတို့ကြားက ဆက်ဆံရေးက ဘယ်လိုအခြေအနေရှိလဲ"

"မေမေဘာတွေမေးနေတာလဲ"

"မေ​မေမေးတာပဲဖြေပါ"

"ငြိမ်းတို့က ရိုးရိုးသားသားခင်ကြတာပါမေမေ"

"သမီးဘက်ကရော သေချာလား"

ငြိမ်းမလုံမလဲဖြစ်သွားသည်။ မေမေ့အကြည့်တွေကို ရင်မဆိုင်ရဲသဖြင့် မျက်နှာလွဲရင်း ဖြေလိုက်သည်။

"ဟုတ်ကဲ့"

ဒေါ်ကေသီငြိမ်းကပြုံးလိုက်သည်။ သမီးဖြစ်သူကိုလည်း စေ့စေ့ကြည့်ရင်း

"မေမေကတော့ဒီလိုမထင်မိဘူး မောင်ကောင်ခြင်းကို သမီးသဘောကျနေတယ် အိမ်ထောင်သည်မှန်းသိရက်နဲ့တောင် သဘောကျနေတုန်းပဲလို့ မေမေမြင်တယ်"

"မေမေ"

"ဒါကြောင့်လည်း မေမေ့ဆီခဏခဏလာဖြစ်နေတာမဟုတ်လား မေမေ့ကိုစိတ်ပူလို့တော့ မပြောနဲ့နော် မေမေသမီးအကြောင်း မေမေသိတာပေါ့ အားလပ်ချိန်ရှိတိုင်း လားရိူးကိုပဲပြေးလာတတ်တာက မေမေ့ကြောင့်ပဲလို့တော့ မေမေမယုံဘူး ဒါကိုငြင်းချင်သေးလား"

ငြိမ်းမဖြေပါ။ ခေါင်းငုံ့လို့သာနေ၏။ ဆိတ်ဆိတ်နေခြင်းက ဝန်ခံခြင်းပဲမဟုတ်လား။ ဒေါ်ကေသီငြိမ်းသက်ပြင်းရိူက်လိုက်ပြီး

"မောင်ကောင်းခြင်းလိုလူတစ်ယောက်ကို သမီးသဘောကျတာအပြစ်မဟုတ်ပါဘူး မေမေလည်းမောင်ကောင်းခြင်းနဲ့သမီးကို သိပ်သဘောတူတာပေါ့ ဒါပေမဲ့ မောင်ကောင်းခြင်းက လူလွတ်တစ်ယောက်မဟုတ်တော့ဘူးလေ သမီးတို့မကြာခဏတွေ့နေတာက အများပြောစရာတွေဖြစ်လိမ့်မယ် သမီးတို့နှစ်ယောက်လုံးက နာမည်ကြီးတွေဆိုတော့ ပိုဆိုးတာပေါ့ ဟိုးတစ်ခါက လိုင်းပေါ်မှာတောင် ဂယက်ထသွားသေးတယ် မဟုတ်လား အခုပိုဆင်ခြင်သင့်တာပေါ့ကွယ်"

မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ၊ အချစ်မ​ပေါ့စေနဲ့ Where stories live. Discover now