Part-15

2.4K 105 4
                                    

Unicode

"မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ
အချစ်မပေါ့စေနဲ့...."

အပိုင်း(၁၅)

"Kaung Company L.M.T"

အိမ်ရှေ့တွင်ချိတ်ထားသည့် ဆိုင်ဘုတ်ကြီး၏ထည်ဝါမှုတို့ကို စိုက်ကြည့်ရင်း ကောင်းခြင်းပြုံးလိုက်သည်။

သူကိုယ်တိုင်အပင်ပန်းခံခဲ့ပြီး ကြိုးစားလုပ်ဆောင်သမျှဟာ အကောင်အထည်ဖော်လာခဲ့ပြီဖြစ်သည်။ သိပ်မကြာခင် ရှမ်းမြောက်တစ်ခုလုံး၌ အကြီးမားဆုံးသောပွဲရုံနှင့်ကုန်သွယ်ရေးကုမ္မဏီတစ်ခုဖြစ်လာမည်ဟုလည်း ယုံကြည်မိသည်။ သူ့ကုမ္မဏီက ရှမ်းမြောက်၌ထွက်ရှိသော ဒေသထုတ်ကုန်များကို တစ်နိုင်ငံလုံးကို ဖြန့်ချီရောင်းချခြင်းဖြစ်သည်။ နောက်ထပ်ခြေလှမ်းအဖြစ် နိုင်ငံရပ်ခြားထိပါတင်ပို့နိုင်ဖို့ ကြိုးစားရဦးမည်။

နောက်တစ်ခုက ကုမ္မဏီက ဒေသခံတွေထံမှ ပစ္စည်းဝယ်၊ အမြတ်တင်ပြီး ဖြန့်ဖြူးရောင်းချတာမျိုးတင် မဟုတ်ဘဲ ရောင်းသူဝယ်သူကြားတိုက်ရိုက်ချိတ်ဆက်ပေးသော Appတစ်ခုကိုရေးဆွဲပြီး ထိုအတွက်ကိုလည်း သင့်တင့်မျှတသောရာခိုင်နှုန်းတစ်ခုသာဝန်ဆောင်မှုယူသဖြင့်  အခုလိုခဏတွင်းမှာပင် ကုမ္မဏီကတိုးတက်အောင်မြင်လာခဲ့သည်။

သူကိုယ်တိုင်ရေးဆွဲဖန်တီးခဲ့သည့် ကောင်းစျေးဝယ်Appက တရားဝင်မမိတ်ဆက်ရသေးသည့်တိုင် အတော်လေးအောင်မြင်နေပြီဖြစ်သည်။ ထိုApp၌ ရှမ်းမြောက်၌ရှိသောဒေသခံတိုင်းရင်းသားများက ၎င်းတို့၏ထုတ်ကုန်ပစ္စည်းများကို ရောင်းချလိုသောစျေးနှုန်းအတိုင်း တိုက်ရိုက်ရောင်းချနိုင်သလို ဝယ်သူကလည်း စျေးတန်တန်နှင့် တိုက်ရိုက်ဝယ်နိုင်သည်။ သူတို့ကတော့Supplierပုံစံကြားခံအနေဖြင့် ဝန်ဆောင်ခရာခိုင်နှုန်းအချို့သာယူတော့ Win-Win- Win Situationဖြစ်ပြီး သုံးဦးသုံးဖက်အတွက် အဆင်ပြေသည်။ 

Appတွင်ရောင်းချသည့် ဒေသခံတိုင်းရင်းသားကုန်သည်တွေဘက်ကလည်း ၎င်းတို့လိုချင်သည့်စျေးအတိုင်း ရောင်းချနိုင်သလို စျေးဝယ်ဘက်ကလည်း ကုန်သည်နှင့်တိုက်ရိုက်ဝယ်ယူခွင့်ရသည့်အတွက် စိတ်ကျေနပ်မှုရှိသည်။ ကောင်းကုမ္မဏီအနေကလည်း %တစ်ခုစားရသလို Delivery feesအနေဖြင့် အမြတ်တွက်ယူနိုင်၏။   လားရိူးတွင် ရုံးချုပ်ထားပြီး တန့်ယန်းနှင့် မူဆယ်ဘက်တွင်တော့ ရုံးခွဲအသေးထားရသည်အထိ အခြေအနေကလျှင်မြန်စွာ တိုးတက်လာခဲ့ပါသည်။

မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ၊ အချစ်မ​ပေါ့စေနဲ့ Where stories live. Discover now