Part- 14

2.9K 115 8
                                    

Unicode

"မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ
အချစ်မပေါ့စေနဲ့...."

အပိုင်း(၁၄)

ဆောင်းမဝင်သေးသော်လည်း လားရိူးမြို့လေး၏မနက်ခင်းကာ နှင်းမှုန်တွေ ရစ်ဆိုင်းစပြုနေပြီဖြစ်သည်။ အောက်တိုဘာလကုန်ခါနီးမို့ထင်သည်။ အအေးဓာတ်ကလည်း ခပ်ပါးပါး ကစားလာသည်။

နှင်းငွေ့တွေပြေးလွှားနေသည့် ဒီလိုမနက်ခင်းမျိုး၌ အငွေ့တလွင့်လွင့်နှင့် မုန့်ဟင်းခါးတစ်ပွဲက အလိုက်ဖက်ဆုံးဖြစ်မည် ထင်သည်။ မနက်ခင်း၏အအေးဓာတ်ကို ပူနွေးနွေးမုန့်ဟင်းခါးနှင့်စားသုံးရခြင်းက သမရိုးကျသောစည်းစိမ်ခံနည်းတစ်ခုပဲ မဟုတ်လား။

လူတန်းစားမရွေးခံစားနိုင်သော လောက၏စည်းစိမ်တစ်ခုဟုဆိုလျှင် နှင်းငွေ့သန်းသောမနက်ခင်းအေးအေးမှာ မုန့်ဟင်းခါးစားသုံးခြင်းဟု ဆိုညွှန်းရပါမည်လေ။

ပါရမီလမ်းသွယ်၌ရှိသော အမေမိုး၏မုန့်ဟင်းခါးဆိုင်လေးကလည်း စားသုံးသူများနှင့် စည်ကားနေတော့သည်။ အိမ်ရှေ့ခြံတောင့်နားတွင် အဖီလေးဆွဲလျက်ဖွင့်ထားသော ဝါးထရံကာဆိုင်ခန်းလေးဖြစ်စေကာမူ ထူးကဲပြည့်စုံလှသောအရသာကြောင့် အမေမိုးကာ ဤရပ်ကွက်တင်မဟုတ်ဘဲ အခြားရပ်ကွက်တွေအထိကိုနာမည်ကြီးပါသည်။ အမေမိုး၏မုန့်ဟင်းခါးကိုစားဖူးလျှင် တော်တန်ရုံမုန့်ဟင်းခါးလောက်ကို ပါးစပ်မဝင်တော့ပါ။ အဝေးကလူများပင် တကူးတကားလာစားရသည်အထိ နာမည်ကြီးလှ၏။

ဒီနေ့လည်း အနီးအဝေးမှလာကြသူများကြောင့် ဆိုင်ခန်းကျဉ်းကျဉ်းလေးက လူပြည့်လျှံလျက်ရှိရာ အပြင်ဘက်တွင် စားပွဲခုံများပင် ခင်းကျင်းပေးထားရသည်။ ဧည့်သည်တွေ အတော်ကျနေသဖြင့် အမေမိုးလည်း စောစောစီးစီး ချွေးတလုံးလုံးဖြစ်နေတော့၏။ တော်သေးသည်.. သားကြီးကကူပေးရှာပေလို့..။

"သား.. ညနေပြန်ရတော့မယ်မဟုတ်လား နားနားနေနေ နေစမ်းပါ.."

"ကားက (၅)နာရီမှပါအမေရဲ့ အေးဆေးပါ.. အဝေးကြီးလိုသေးတာကို ကျွန်တော်အမေ့ကိုကူပေးလို့ရပါတယ်.."

"ဒါပေမဲ့လည်း ဒီနေ့ပြန်မယ်ဆိုတော့ နားတာကောင်းတာပေါ့သားရယ် ကားအကြာကြီး စီးရမှာကို.."

မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ၊ အချစ်မ​ပေါ့စေနဲ့ Where stories live. Discover now