Part-13

2.4K 111 4
                                    

Unicode

"မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ
အချစ်မပေါ့စေနဲ့...."

အပိုင်း(၁၃)

သတင်းကျွတ်စ်လပြည့်...။

လပြည့်ညဖြစ်၍ လကာရွှန်းရွှန်းတောက်နေပြီး ညအမှောင်ကိုဖြိုခွင်းလျက် ပတ်ဝန်းကျင်တစ်ခုလုံးကို လင်းဖြာနေတော့၏။

လရောင်လွှမ်းခြုံထားသော ပျဉ်ထောင်အိမ်ငယ်လေးသည်လည်း ည၏ဆိတ်ငြိမ်မှုအောက်၌ လှပအေးချမ်းစွာရှိနေသည်။ ခြံဝှမ်းရှေ့နှင့် အိမ်ငယ်၏လှေကားတစ်လျှောက် ထွန်းညှိထားသော ဖယောင်းတိုင်မီးတို့က မီးစာမကုန်သေးသလို ချိတ်ဆွဲထားသောမီးပုံတွေကလည်း ပြည့်ရွှန်းနေသောလှနှင့်အပြိုင် လှပတင့်တယ်နေပါသည်။ ဒါဟာ သီတင်းကျွတ်စ်ကာလ၏ ကျက်သရေအတိရှိလှသော မြင်ကွင်းတစ်ခုပင် မဟုတ်လား။

ဟိုး.. ခြံရှေ့တွင်တော့ ပန်ပန်တစ်ယောက်မှာ မကြီးမငယ်နှင့် ရပ်ကွက်ထဲကကလေးများနှင့်ဗျောက်ဖောက်ပြီး ဆော့ကစားနေသည်။ ပန်ပန်၏အချစ်တော် လုံးလုံးလည်းရှေ့၌ ကစားနေပုံရသည်။ တစ်ချက်တစ်ချက် ဟောင်သံကြားနေရ၏။ ဆူညံသောကလေးများ၏ဆော့ကစားသံ၊ ခွေးဟောင်သံ၊ မီးပန်းဖောက်သံများဖြင့် ရပ်ကွက်ငယ်ထဲက သီတင်းကျွတ်စ်ညလေးကာ သက်ဝင်လှုပ်ရှားနေပါရဲ့...။

ပြည့်ရွှန်းလှပနေသောလမင်းကြီး၏အေးချမ်းမှုအောက်၌ ညကာနှစ်လိုဖွယ်တည်ရှိနေပါသည်။ တဖြူးဖြူးတိုက်နေသော လေပြေတို့ကလည်း ဆွတ်ပျံ့ဖွယ်အတိနှင့်။ သို့သော် မအေးချမ်းနိုင်ဘဲ သက်ပြင်းတချချရှိနေသူကတော့ မြတ်ရယ်ပင်..။

လက်ထဲမှ ဖုန်းလေးကိုကိုင်ထားပြီး စိတ်မပျော်ရွှင်စွာရှိနေသည့်အကြောင်းရင်းက ချစ်ရပါသောမောင်နှင့် စကားများထားရ၍ပင်။

"လပြည့်နေ့ မောင်တို့ပြင်ဦးလွင်နဲ့နောင်ချိုကို အလည်အပတ်သွားမယ်လို့ မောင်မြတ်ကို ကြိုမပြောထားဘူးလား လားရိူးကနေဆင်းလာရင် ဘယ်လောက်မှဝေးတာလည်း မဟုတ်ဘဲနဲ့ မြတ်ကမောင့်စကားကို အလေးမထားတာပဲ"

"မဟုတ်ပါဘူးမောင်ရယ် လပြည့်နေ့မှာ မြတ်မိသားစုနဲ့ မြို့အနှံ့ဘုရားဖူးဖို့ စီစဉ်ပြီးသားဖြစ်နေလို့ပါ မိသားစုစုံတုန်းလေး အတူရှိရမှာကို မြတ်ကကွဲထွက်သွားလို့မရဘူးလေ.."

မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ၊ အချစ်မ​ပေါ့စေနဲ့ Nơi câu chuyện tồn tại. Hãy khám phá bây giờ