Part-73

2.9K 248 25
                                    

Unicode

"မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ
အချစ်မပေါ့စေနဲ့...."

အပိုင်း(၇၃)

"ရော့.. သား အိမ်အတွက်ယူသွားဖို့ အမေမိုးကြော်လှော်ထားတယ် အမေ့ကိုလည်းသတိရတဲ့အကြောင်း ပြောလိုက်နော်"

အမေ့မွေးနေ့ရန်ကုန်သွားတော့မည်ဆိုတော့ အမေမိုးကသူ့ကိုခေါ်ပြီး ကြော်လှော်ထားသည့်အခြောက်အခြမ်းတွေထည့်ပေးတော့သည်။

"ဟာ... အများကြီးပဲအမေမိုးရယ် ဘာလို့အပင်ပန်းခံလုပ်နေရတာလဲဗျာ အိမ်မှာကလူများများစားစားရှိတာလည်းမဟုတ်ပါဘူး"

အထုပ်တွေကိုကြည့်ပြီး ကောင်းခြင်းအားနာစွာဆိုလိုက်တော့ အမေမိုးကပြုံးပြုံးလေးနှင့်ပင်

"အကြာကြီးခံပါတယ် သားအမေကရှမ်းပြည်ထွက်အစာတွေကြိုက်တော့ စားလို့ရအောင်ပါ"

"ဟုတ်ကဲ့ ကျေးဇူးပါဗျာ"

"ဟိုမှာပန်ပန်ပြဿနာတစ်ခုခုရှာတာမျိုးရှိရင် အမေမိုးကိုပြောနော်သား ပန်ပန်ကလိမ္မာနေပြီဆိုပေမဲ့လည်း စိတ်မအေးမိသေးဘူးကွယ်"

"ဟုတ်ကဲ့ပါ"

အမေမိုးစကားကို သူခေါင်းသာညိတ်ပြလိုက်သည်။  ပြီးနောက် အထုပ်တွေကိုမလိုက်ပြီး

"ဒါဖြင့် ကျွန်တော်သွားလိုက်ပါဦးမယ် ရန်ကုန်မှာစားချင်တာရှိရင်လည်း ပန်ပန်ကိုပြောထားလိုက်ပါ ကျွန်တော်ဝယ်ပေးပါ့မယ်"

"အေး.. အေး သား"

ကောင်းခြင်းထွက်သွားမည်ပြုပြီးမှဒေါ်မိုးက တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့်

"ဪ.. ဒါနဲ့သားကို အမေမိုးကျေးဇူးတင်စရာရှိသေးတယ်"

"ဗျာ..."

"ဒီကြားထဲ သားကဒီဘက်မရောက်ဖြစ်တော့ အမေမိုးကျေးဇူးမတင်ရသေးဘူးကွယ် မေ့တောင်မေ့တော့မလို့ပဲ"

"ဘာကိုလဲဗျ"

သူနားမလည်စွာဆိုလိုက်တော့ ဒေါ်မိုးက

"ပန်ပန်ဂုဏ်ထူးထွက်လို့ဆိုပြီး သားမုန့်ဖိုးသိန်း(၂၀)ပေးခဲ့တာကို အမေမိုးကျေးဇူးတင်ချင်လို့ပါ"

မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ၊ အချစ်မ​ပေါ့စေနဲ့ Where stories live. Discover now