Part-66

2.7K 234 14
                                    

Unicode

"မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ
အချစ်မပေါ့စေနဲ့...."

အပိုင်း(၆၆)

မင်္ဂလာခန်းမ..

အဆင့်မြင့်ဟိုတယ်၌တည်ရှိသော မင်္ဂလာခန်းမကြီးကာ ဂုဏ်ကြီးသူတို့၏မင်္ဂလာပွဲမှန်း သိသာစေသည့် ထည်ဝါခမ်းနားသောအပြင်အဆင်တို့နှင့် ပြည့်နှက်နေတော့သည်။

စောလွန်းနေသေး၍ ဧည့်သည်တွေတော့မရောက်သေးပါ။   အလုပ်သမားတွေသာ ဟိုဟိုဒီဒီအလုပ်ရှုပ်နေသည်။ ဟိုတယ်၏မိတ်ကပ်ခန်း၌ရှိနေသော သတို့သမီးလေးမြတ်ပန်းသစ္စာသည်လည်း ပြင်ဆင်၍မပေးသေးပါ။ မိတ်ကပ်ပြင်ဆင်မှုပြီးစီးသွားပြီး ဆံပင်အတွက် ပုံသွင်းနေစဉ်မှာပင်

"မမြတ် ဧည့်သည်ရောက်နေပါတယ် မမြတ်နဲ့တွေ့ချင်ပါတယ်တဲ့"

ဟိုတယ်ဝန်ထမ်းမလေးတစ်ယောက် လာပြောတော့ မြတ်အံ့ဩသင့်သွားသည်။ ဧည့်ခံပွဲအချိန်လည်းမဟုတ်ဘဲနှင့် ဘယ်ကဧည့်သည်ရောက်နေသည်လဲ။

"ဘယ်သူတဲ့လဲ"

"မမြတ်ညီမလေးလို့ပြောတယ်"

"ဟင်"

မြတ်ရင်တွေတုန်သွားသည်။ ပန်ပန်ရောက်လာသည်လား။ မောင်ကလည်း ထိုစကားကိုကြားတော့ သူမရှိရာလှမ်းကြည့်လာပြီး

"မြတ် မင်းညီမလေးရောက်နေတာလား"

"မသိဘူး မြတ်အခုသွားတွေ့လိုက်မယ်"

"မင်းသေချာမပြောထားဘူးလား"

စိုးရိမ်စွာနှင့်လှမ်းပြောလိုက်သည့်မောင့်စကားတွေကို မြတ်ဥပေက္ခာပြုထားပြီး အပြင်ထွက်လာလိုက်၏။ အခန်းပြင်တွင်တော့ တကယ်လည်း ပန်ပန်ရောက်နေသည်။

"ပန်ပန် ဘယ်လိုရောက်လာတာလဲ နင်တစ်ယောက်တည်းလား"

မြတ်ကပြောရင်း မျက်လုံးတွေကလည်း တစ်စုံတစ်ရာကိုစိုးရိမ်မကင်းစွာ ဝေ့ယမ်းရှာနေသည်ကိုမြင်တော့ ပန်ပန်ခပ်မဲ့မဲ့ပြုံးလိုက်ပြီး

"စိတ်မပူနဲ့ အမေပါမလာဘူး"

"မဟုတ်ပါဘူးငါက.."

"နင်မတက်စေချင်တဲ့ နင့်မင်္ဂလာပွဲကိုလည်း အမေ့ကိုငါခေါ်မလာပါဘူး စိတ်ချ"

မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ၊ အချစ်မ​ပေါ့စေနဲ့ Where stories live. Discover now