Part-30

2.7K 116 10
                                    

Unicode

"မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ
အချစ်မပေါ့စေနဲ့...."

အပိုင်း(၃၀)

"ကောင်းတကယ်အိမ်ထောင်ကျသွားတာပဲ"

ငြိမ်းကေရီ၏အသံက တုန်ခါနေသည်။ မျက်ဝန်းတွေလည်း စိုစွတ်နေသယောင် ထင်ရသည်။ သူမ၏မျက်နှာထက်မှာ နှမြေသတမှုတွေကလည်း အထင်းသားပေါ်လွင်နေ၏။

"ဘယ်လိုဖြစ်ရသလဲကောင်းရယ် ချက်ချင်းကြီး"

"အင်း.. ဒီအတိုင်းအကြောင်းဖန်သွားတယ် ပြောရမယ်"

သေချာသည့်သတင်းဟုဆိုသော်လည်း ကောင်းခြင်းထံမှအတည်ပြုစကားထပ်ကြားရတော့ ရင်ကဆစ်ခနဲ့နာသွားရပြန်သည်။

အရှေ့တောင်အာရှခရီးစဉ် blogတွေရိုက်ဖို့အတွက် ထိုင်း၊ ဗီယက်နမ်တို့ဘက်ကို သူမလည်ပတ်သွားနေသည်မှာ တစ်လခန့်ကြာခဲ့သည်။ ဒီကြားထဲမှာ ကောင်းခြင်းနှင့်အဆက်အသွယ်မရှိခဲ့ပါ။ ကောင်းခြင်းကလည်းသူမကိုဆက်သွယ်ခြင်းမရှိပါ။ ဒီအတိုင်းကိုယ်စီအလုပ်ရူပ်နေ၍ဟုသာ တွေးမိသည်။

ရန်ကုန်ပြန်ရောက်မှ နီးစပ်ရာအသိုင်းအဝန်းကနေ ကောင်းခြင်းအိမ်ထောင်ကျသွားပြီဆိုသည့်သတင်းသဲ့သဲ့ရလိုက်တော့ ဘယ်လိုမှမယုံကြည်နိုင်အောင် ဖြစ်သွားရသည်။ ချစ်သူရည်းစားတောင်မရှိသည့်လူက ချက်ချင်းအိမ်ထောင်ပြုလိုက်သည်ဆိုတော့ ငြိမ်းအတွက်တော့ လက်မခံနိုင်အောင်ပင်။

ထို့အပြင်ကောင်းခြင်းက သူမကိုသေချာပေါက် proposeလုပ်မည်ဟု တထစ်ချယုံကြည်ခဲ့ထားပါသည်။ ကောင်းခြင်းနှင့် ရင်းနှီးကျွမ်းဝင်ပြီး သို့လောသို့လောသတင်းတွေထွက်နေသည်ကလည်း သူမတစ်ယောက်ပဲရှိသည်လေ။

ဘာကြောင့်ကောင်းခြင်းကဖွင့်မပြောသေးမှန်း မသိသော်လည်း သူ့အကြည့်၊ မျက်ဝန်းတွေနှင့် အပြုအမူတွေအရ သူမကိုသဘောကျနေမှန်း ငြိမ်းကမိန်းကလေးပီပီ သိနေခဲ့သည်။ သူမကိုယ်၌ကလည်း ကောင်းခြင်းကို အင်မတန်သဘောကျခဲ့သည်။ ကောင်းခြင်း၏ရုပ်ရည်၊ ဂုဏ်၊ ပညာ၊ ကျော်စောမှုတွေအားလုံးက မိန်းကလေးတစ်ယောက်အတွက် မက်မောစရာပဲလေ။ ထို့ကြောင့် သူမကအင်တာဗျူးများတွင် ကောင်းခြင်းကိုရည်ရွယ်ပြီး မသိမသာရော၊ သိသိသာသာရော ရေမြောင်းတွေခင်းခဲ့သည်။

မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ၊ အချစ်မ​ပေါ့စေနဲ့ Where stories live. Discover now