Part-46

2.5K 138 6
                                    

Unicode
"မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ
အချစ်မပေါ့စေနဲ့...."

အပိုင်း(၄၆)

"မောင်တို့ပြင်ဦးလွင်မှာပဲ တစ်ညနားရအောင်"

ပြင်ဦးလွင်ဝင်ဝင်ချင်းမှာပင် မောင်ကဆိုတော့ မြတ်အံ့ဩသွားပြီး

"ဘာဖြစ်လို့လဲ မောင်"

"ညည့်နက်နေပြီလေ ဒီမှာပဲနားကြတာပေါ့"

"ဒါပေမဲ့ မန္တလေးနဲ့ပြင်ဦးလွင်က အရမ်းကြီးမှမဝေးတော့တာ မောင်ရယ်"

"မောင်ကားမောင်းရတာပင်ပန်းနေပြီ နားချင်နေပြီမြတ်"

မောင့်စကားကို မြတ်ဘာပြန်ပြောရမှန်းပင်မသိတော့ပါ။ မောင်ကသူ့သဘောနှင့်သူ မြတ်ကိုလားရိူးအထိလာကြိုပြီးမှ ပင်ပန်းသည်ဟု ညည်းလာပြန်၏။

"ဘာလဲ မောင့်ကိုမနားစေချင်ဘူးလား"

မြတ်နှုတ်ဆိတ်နေသည်ကိုကြည့်ပြီး မောင်ကမကျေမနပ်ဆိုလာတော့ မြတ်ကပျာကယာနှင့်

"မဟုတ်ပါဘူးမောင်ရယ် လားရိူးနဲ့မန္တလေးကိုနေ့ချင်းပြန်ကားမောင်းရတာ ပင်ပန်းမှန်း မြတ်သိပါတယ် ဒါပေမဲ့မြတ်တို့ဘယ်မှာနားကြမှာလဲ"

"ဟိုတယ်တစ်ခုခုပေါ့"

မောင်ကဘာမှမဖြစ်သလိုနှင့်ဆိုလိုက်သည့်တိုင် မြတ်မျက်နှာလေးရဲသွားပြီး

"ဖြစ်ပါ့မလား မောင်ရယ်"

"ဘာကိုမဖြစ်ရမှာလဲ"

"မြတ်ဆိုလိုချင်တာက မြတ်နဲ့မောင် ဟိုတယ်အတူတည်းဖို့ကိုပါ"

မြတ်စိုးရွံ့စွာဆိုတော့ မောင့်နှုတ်ခမ်းတွေက ပြုံးကျသွားရင်း

"မြတ်ကလည်းကွာ မောင်တို့ကသူစိမ်းတွေလည်း မဟုတ်ဘဲနဲ့ ဘာတွေစိုးရိမ်နေရသလဲ"

သူစိမ်းတွေမဟုတ်လို့ပဲ စိုးရိမ်မိတာပေါ့မောင်ရယ်ဟူသောစကားကိုတော့ မြတ်ထုတ်မဖော်ဖြစ်တော့ပါ။ စိတ်ဆတ်လှသောမောင် သေချာပေါက်စိတ်ဆိုးသွားမည်ကို သိနေ၍ပင်။ သက်ပြင်းကိုသာ မသိမသာချမိပြီး

"ဒါဖြင့်လည်း တစ်ယောက်တစ်ခန်းစီ ယူကြရအောင်လေနော်"

"ကျွတ်စ်.. ရူးနေလားမြတ်ရယ် ဘယ်ချစ်သူစုံတွဲကတစ်ယောက်တစ်ခန်းနေလို့လဲ ဘာလဲမောင့်ကိုစိတ်မချဘူးလား"

မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ၊ အချစ်မ​ပေါ့စေနဲ့ Where stories live. Discover now