Part-61

2.9K 215 30
                                    

Unicode
မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ
အချစ်မပေါ့စေနဲ့...."

အပိုင်း(၆၁)

ဧည့်ခန်းတွင် လှမ်းမြင်နေရသည့်မြင်ကွင်းကြောင့် ဒေါ်မေမြတ်ကြည်၏မျက်ခုံးတွေက အလိုမကျစွာ တွန့်ခေါက်သွားသည်။

"အဟင်း.. ကောင်းပြောပုံအရဆိုရင် ငြိမ်းဒီခြံကိုပဲ ချက်ချင်းယူလိုက်ရတော့မယ်ထင်တယ်"

"ငြိမ်းကြည့်ပြီးတာနဲ့ကြိုက်သွားလိမ့်မယ်လို့ ကိုယ်ပြောရဲတယ်ပိုင်ရှင်ကကိုယ့်အသိပဲစိတ်ချရတယ် ငွေလိုလို့ရောင်းတော့ စျေးကလည်းတန်တယ်  ခဏလောက်အောင်းပြီးပြန်ထုတ်ရောင်းရင်တောင် အမြတ်ရတယ် ကိုယ်တောင်ယူမလို့ပဲ ငြိမ်းကဒီနေရာဆိုင်ဖွင့်ဖို့ စိတ်ဝင်စားတယ်ဆိုလို့ ငြိမ်းကိုပဲဦးစားပေးလိုက်တယ်"

"ဟုတ်လား.. ငြိမ်းပျော်ရတော့မှာပေါ့နော် ဦးစားပေးခံရတော့ ကျေးဇူးတင်လွန်းလို့ မုန့်တောင်ဝယ်ကျွေးချင်လာပြီ"

"လုပ်ပြီ.. ငြိမ်းကတော့"

ရယ်ရယ်မောမောစကားပြောနေကြသည်က ကောင်းခြင်းတည်မြဲနှင့် ငြိမ်းကေရီပဲဖြစ်သည်။

"အမေပြန်ရောက်ပြီပဲ"

သားကသူမကိုမြင်တော့ နှုတ်ဆက်လိုက်သလို ငြိမ်းကေရီကလည်း..

"အန်တီနေကောင်းတယ်နော်"

"အင်း.. ကောင်းတယ်သမီး လားရှိုးရောက်နေတာလား"

"ဟုတ်တယ် အန်တီ.. ဆိုင်ဖွင့်ဖို့ခြံလေးတစ်ခြံလောက်ဝယ်ဖို့စိတ်ကူးရှိနေတာနဲ့ ကောင်းနဲ့လာတိုင်ပင်ကြည့်တာပါ"

သားနှင့်ငြိမ်းကေရီကရင်းနှီးမှုရှိမှန်း သူမသိပြီးသားဖြစ်သော်လည်း ဒေါ်မေမြတ်ကြည်က ဒါကိုဘဝင်မကျဖြစ်မိသည်။ သို့သော် လူကြီးပီပီ ဘာစကားမှတော့မဆိုသေးပါ။

"အေးအေ.. စကားပြောကြည့်ဦး အန်တီလုပ်စရာရှိတာလုပ်လိုက်ဦးမယ် မအေးမွန်"

"လာပြီ.. အစ်မ"

"ရော့.. ချိုင့်ယူပြီးဆေးလိုက်ဦး"

ဒေါ်အေးမွန်ကိုပါလာသည့်ထမင်းချိုင့်ပေးပြီး ဒေါ်မေမြတ်ကြည်လည်း လက်ဆေးဖို့မီးဖိုခန်းထဲ ဝင်သွားဖို့ပြင်သည်။ သို့သော်..

မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ၊ အချစ်မ​ပေါ့စေနဲ့ Where stories live. Discover now