Part-39

2.4K 146 13
                                    

Unicode

"မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ
အချစ်မပေါ့စေနဲ့...."

အပိုင်း(၃၉)

"ရန်ကုန်သွားရမယ်"

"ဟုတ်တယ် ရှေ့အပတ်ထဲအမေ့မွေးနေ့အတွက် အလှူလုပ်ဖို့ရှိတယ် အမေ့မွေးနေ့မှာနှစ်တိုင်းလူစုံတက်စုံရှိပြီး အလှူအတူလုပ်နေကြမို့ ဒီနှစ်လည်း မိသားစုတွေဆုံဖို့ ရန်ကုန်သွားရမယ်"

ကောင်းခြင်းစကားကြောင့် ပန်ပန်ပုခုံးတွန့်လိုက်ရင်းနှင့်

"သွားပေါ့.. ဘာကိစ္စကျွန်တော့်ကိုလာပြောနေရတာလဲ"

"အမေကမင်းကိုပါခေါ်ခဲ့ခိုင်းတယ် မင်းလိုက်ရမယ်မုဒိတာပန်"

"ရန်ကုန်ကိုခင်ဗျားနဲ့အတူလိုက်သွားရမယ်ပေါ့ ဟင့်အင်း.. မသွားချင်ပါဘူး"

"ငါကလည်းမင်းကိုခေါ်ချင်လွန်းလို့ခေါ်နေတာမဟုတ်ဘူး အမေကခေါ်ခိုင်းလို့ခေါ်နေတာကွ"

"ဒါဖြင့် ခင်ဗျားအမေကိုပြောလိုက်ပေါ့ မုဒိတာပန်ကမလိုက်ချင်ဘူးလို့"

ဂရုမစိုက်သလိုနှင့်ဖြေလိုက်သည့်သူမစကားကြောင့် ကောင်းခြင်းမျက်နှာတင်းမာသွားကာ

"မင်းမလိုက်လို့မရဘူး မင်းကအခုချိန်မှာမိသားစုဝင်တစ်ယောက်ပဲ ငါဒါကိုလက်မခံချင်ပေမဲ့ ဘာပဲဖြစ်ဖြစ်ဒါကြီးကအမှန်ဖြစ်နေတယ် ဒီတော့ မင်းလိုက်ခဲ့ရမယ်"

"ဟာ.. မလိုက်ချင်ပါဘူးဆို ခင်ဗျားအမေမွေးနေ့ကဘာတွေအရေးကြီးနေလို့လဲ"

"မုဒိတာပန် မင်းစကားကိုဆင်ခြင်ပြောစမ်း"

ကောင်းခြင်းလေသံကအတော်ခက်ထန်သွား၏။ ပန်ပန်ဂရုမစိုက်စွာဖြင့် ပုခုံးတွန့်လိုက်သည့်တိုင် ဘာမှတော့မတုန့်ပြန်မိပါ။

"ငါကမင်းကိုပိုပြီးတောင် မခေါ်ချင်ဘူး မင်းကိုလူကြားထဲထုတ်ပြရမှာကို ရှက်တယ်သိလား"

"ဘာပြောတယ်"

"ရိုင်းသွားလည်းမတတ်နိုင်ဘူး ဒါအမှန်တရားပဲ ငါ့အမေမွေးနေ့ကျ ဆွေမျိုးတွေဆုံကြမယ် အဲ့ဒီအခါကျရင် ငါ့မိန်းမက ဘယ်သူဘယ်ဝါဆိုတာက ထုတ်ပြရတော့မယ် ဘယ်လောက်စိတ်ပျက်ဖို့ကောင်းလဲ တွေးပြီးတောင် စိတ်ညစ်တယ်"

မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ၊ အချစ်မ​ပေါ့စေနဲ့ Место, где живут истории. Откройте их для себя