Part-23

2.2K 112 8
                                    

Unicode

"မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ
အချစ်မပေါ့စေနဲ့...."

အပိုင်း(၂၃)

"Kaung Company L.M.T"

ခြံဝန်းရှေ့တွင် ဝံ့ကြွားစွာထောင်ထားသည့်ဆိုင်းဘုတ်ကို ကောင်းခြင်းကာ ဝရန်တာမှ စူးစိုက်ကြည့်နေမိသည်။

ခြံဝန်းထဲရှိအိမ်ကြီးက နှစ်ထပ်ကိုမှ နှစ်ခြမ်းပုံစံမျိုးကွဲနေတော့ တစ်ဖက်တွင်သူနေပြီး ကျန်တစ်ဖက်တွင်တော့ ကုမ္မဏီဖွင့်ထားခြင်းဖြစ်သည်။ ခြံထဲဝင်ဝင်ချင်းက ကုမ္မဏီအဆောက်အဦးဖြစ်ပြီး အိမ်ကတော့ ဒီဘက်အခြမ်းဆိုတော့ ကုမ္မဏီကိုကွေ့ဝိုက်ပြီးမှ အိမ်ထဲသွားရသည်။

မင်္ဂလာကိစ္စကြောင့် အလုပ်ကို(၃)ရက်ပိတ်ပေးထားရာမှ ဒီနေ့ဆိုအလုပ်ပြန်ဖွင့်ပြီဖြစ်သည်။ ထို့ကြောင့် ဒီနေ့က အိမ်ထောင်ကျပြီး ဝန်ထမ်းအလုပ်သမားတွေကို ပထမဆုံးမျက်နှာချင်းဆိုင်ရမည့်နေ့သဖြင့် ကောင်းခြင်း နေရထိုင်ရ အဆင်မပြေဖြစ်နေရသည်။ အထူးသဖြင့် သူ့ဇနီးအမည်ခံ မုဒိတာပန်ဆိုသည့်မိန်းကလေးက ဂုဏ်ယူစရာချပြလို့ကောင်းသည့်အချက်တွေ ဘယ်နားမှာမှမရှိတော့ အနည်းငယ် ရှက်နေမိ၏။ မင်္ဂလာဆွမ်းစားကိုတောင် သူကဘယ်သူ့ကိုမှ ဖိတ်ကြားခဲ့ခြင်းမရှိပါ။

သို့သော် ဝန်ထမ်း၊ အလုပ်သမားတွေကလည်း သူ့ပြသာနာကို အနည်းအကျဉ်းကြားထားရတော့ အလိုက်သိစွာဖြင့် ဘာမှမေးမြန်းခြင်းမရှိ၍ တော်သေးသည် ပြောရပါမည်။ မည်သို့ဆိုစေကာမူ လက်ထပ်ပြီးနောက် ပထမဆုံးအနေဖြင့် ဝန်ထမ်းတွေကို မျက်နှာချင်းဆိုင်ရမည်ကို ဝန်လေးနေမိသည်မှာ အမှန်...။

"ဟူး..."

မနက်စောစောစီးစီးမှာပင် စိတ်ပျက်လက်ပျက် သက်ပြင်းချမိပြီးနောက် အိမ်ထဲပြန်ဝင်လာတော့ ဘုရားခန်းကနေထွက်လာသည့် ဒေါ်အေးမွန်နှင့်ဆုံသည်။ ဘုရားဆွမ်းတော်လာကပ်သည် ထင်သည်။ ဒေါ်အေးမွန်ကိုမြင်တော့မှ ကောင်းခြင်းလည်း တစ်စုံတစ်ရာကိုသတိရသွားပြီး

"ဒေါ်အေးမွန် ခင်ဗျားတစ်ယောက်တည်းလား မုဒိတာပန် လာမကူဘူးလာ"

မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ၊ အချစ်မ​ပေါ့စေနဲ့ Where stories live. Discover now