Part-77

3.8K 279 25
                                    

Unicode

"မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ
အချစ်မပေါ့စေနဲ့...."

အပိုင်း(၇၇)

"ညီမလေးတော်တော်ပြောင်းလဲသွားတယ်"

မတွေ့ရသည့် တစ်နှစ်ကာလအတောအတွင်းမှာ အတော်လေးပြောင်းလဲသွားသည့်ပန်ပန့်ကိုကြည့်ပြီး ဩရသတအံ့တဩဆိုမိသည်။

ဩရသအံ့ဩမည်ဆိုလည်းအံ့ဩစရာပင်။ မှတ်မှတ်ရရပန်ပန်နှင့်နောက်ဆုံးတွေ့ခဲ့သည်က မနှစ်ကဒေါ်မေမြတ်ကြည်၏မွေးနေ့အပြီး ယခုလိုအချိန်ပဲဖြစ်သည်။ ဒီတစ်နှစ်အတွင်းမှာပဲ ပန်ပန်တစ်ယောက် ပြောင်းလဲသွားသည်မှာ ရုပ်ရည်သွင်ပြင်၊ အပြုအမူ၊အပြောအဆိုကအစ အခြားသူတစ်ယောက်လိုဖြစ်နေသည်။

သူ့ညီမကိုမြင်မြင်ချင်းဩရသပင်မမှတ်မိချင်ခဲ့ပါ။ ဆံပင်တွေပခုံးကျော်ပြီး မိန်းကလေးဆန်နေလိုက်တာများ မုဒိတာပန်များဟုတ်ပါလေစ။ သူသိသလောက်ဆိုလျှင် သူ့ညီမလေး၏ဆံပင်တွေက ပခုံးတစ်ခါမှမကျော်ခဲ့ဖူးဘူးပဲ။

အခုတော့ ဆံပင်ပဲရှည်လာသည်မဟုတ်ပါ။ အမြဲရှပ်အင်္ကျီနှင့်ဂျင်းအပွကိုသာ ဝတ်တတ်သည့်ကောင်မလေးက ဂါဝန်လေးနှင့် မိန်းကလေးလို နူးနူးညံ့ညံ့လာနေတော့သည်။ အသားလေးတွေဆိုလည်းပိုဖြူပြီး ဝင်းဝင်းလေးရှိလာသည်မှာ ကိုယ့်ညီမကိုဒီလိုလှမည်မှန်းတောင် ထင်မထားပေ။ ရုပ်ပဲပြောင်းလဲသွားသည်မဟုတ်ပါ။ စကားပြောလျှင်လည်း သိမ်သိမ်မွေ့မွေ့နှင့် နူးနူးညံ့ညံ့ရှိလာသည်။ ပို၍သိသာသည့်ပြောင်းလဲလာမှုက ကြည့်လိုက်သည်နှင့် အရင်လိုပေါ့ပျက်ပျက်အသွင်မျိုးရှိမနေဘဲ လေးနက်တည်ငြိမ်သည့်မိန်းကလေးဟန်တွေအပြည့်အဝရနေသည်။

"မမှတ်မိလောက်အောင်လည်းလှလာတယ်"

သူ့စကားကို ပန်ပန်ကတော့တစ်ချက်သာပြုံးရင်း ဘာမှမတုန့်ပြန်ပါ။ ဩရသကာ ညီမဖြစ်သူကိုသဘောကျစွာပင်ကြည့်ရင်း ချီးကျူးလိုက်သည်။

"ညီမလေးကိုကြည့်ရတာအခြားသူကိုမြင်လိုက်ရသလိုပဲ.. အရင်တုန်းကပန်ပန်နဲ့ကိုမတူဘူး"

"ဒီလောက်တောင်ပြောင်းလဲသွားတာလား"

"ဟုတ်တယ်.. ကိုကြီးတောင်မြင်မြင်ချင်း မယုံချင်သလိုဖြစ်သွားသေးတယ်"

မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ၊ အချစ်မ​ပေါ့စေနဲ့ Where stories live. Discover now