Part-27

2.4K 104 4
                                    

Unicode

"မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ
အချစ်မပေါ့စေနဲ့...."

အပိုင်း(၂၇)

"ဒါကဘယ်လဲ..."

အိမ်ကနေထွက်ဖို့ပြင်နေသည့်သူမကို ကောင်းခြင်းက မျက်နှာထားတင်းတင်းနှင့်မေးလိုက်တော့ သူမကလည်းခပ်မာမာပင်

"ဘယ်သွားရမှာလဲ အမေ့အိမ်ပေါ့"

"ဘာသွားလုပ်မလို့လဲ"

သူ့အမေးကြောင့် မျက်လုံးစူးစူးတွေက သူ့ထံရောက်လာပြီး

"ဘာသွားလုပ်လုပ်ပေါ့ ခင်ဗျားနဲ့ဘာဆိုင်လဲ"

"မင်းအမေက နေမကောင်းလို့ဆိုင်တောင် ပိတ်ထားတယ်နော်"

"အဲ့ဒီတော့..."

"ဒါကိုမင်းက ဟိုဟာလုပ်ခိုင်းဒီဟာလုပ်ခိုင်းနဲ့ အမေ့ကိုခိုင်းနေတာ မရှက်ဘူးလား"

"ဘာကိုရှက်ရမှာလဲ ကျွန်တော်က အမေ့ကိုဘာမှမခိုင်းဘူး အမေကကျွန်တော်စားချင်တာကို လုပ်ကျွေးနေတာလေ"

"ဟ.. သားသမီးက စားချင်တယ်ပြောမှတော့ အမေဆိုတာမျိုးက လုပ်ပေးမှာပဲလေ မင်းကအလိုက်သိဖို့လိုတာပေါ့"

ပန်ပန်ကခဏငြိမ်သွားပြီးမှ သူ့ကိုမျက်မှောင်ကုပ်ကြည့်ကာ

"နေပါဦး.. ခင်ဗျားကနေရာတကာလူတတ်ကြီးလိုက်လုပ်တယ်နော် ကိုယ့်အထာနဲ့ကို မနေတတ်ဘူးလား ကျွန်တော်ဆိုခင်ဗျားရဲ့ကိစ္စတွေဆို ဝင်ပါဖို့မပြောနဲ့ အရေးတယူတောင် မလုပ်ဘူး"

"ဘာ.."

"ဘာလဲ.. ငွေလေးနည်းနည်းအကုန်ခံပြီး အမေ့ဆိုင်ကိုပြင်ပေးလိုက်ရုံနဲဲ့ နေရာတကာဝင်အာချောင်လို့ရပြီထင်နေသလား အင်းလေ လူတွေအမြင်မှာ ခင်ဗျားကသိပ်သိတတ်တဲ့လူပေါ့"

"မင်းမရိုင်းနဲ့နော် မုဒိတာပန် ငါကမင်းအမေကိုလုပ်ပေးနေတာတွေက စေတနာသက်သက်ပဲ"

"အဟား.."

မရယ်ချင်ဘဲ ရယ်ချလိုက်ပုံက သူ့စကားကို သရော်ချလိုက်မှန်း ကောင်းခြင်းသိသည်။ ကြည့်လေ.. နှုတ်ခမ်းကိုမဲ့ပြီးပြောလာပုံက

"ခင်ဗျားလိုလူမှာ ဘာစေတနာမှမရှိဘူးဆိုတာ ကျွန်တော်သိပြီးသားပါ အခုလိုလုပ်ပေးနေတာကလည်း ပတ်ဝန်းကျင်မှာ ခင်ဗျားသိက္ခာကျမှာစိုးလို့ မကောင်းတတ်လို့ လုပ်ပေးတာပဲရှိတယ် ဘာစေတနာလဲ ပြောရဲလိုက်တာ"

မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ၊ အချစ်မ​ပေါ့စေနဲ့ Where stories live. Discover now