Part-9

2.6K 111 5
                                    

Unicode

"မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ
အချစ်မပေါ့စေနဲ့...."

အပိုင်း(၉)

"ပန်ပန်..."

နားခိုင်းသည့်အချိန်၌ အအိပ်လွန်ပြီး အိပ်စာတွေမလုပ်ခဲ့ရမိသဖြင့် အသဲအသန်စာကုန်းရေးနေသည့်ပန်ပန် ဝေယံ့ခေါ်သံကြောင့် မျက်မှောင်ကြီးကိုကျုံ့ထားမိလျက်..

"ဘာလဲ..."

"နင့်ကိုငါကြိုက်တယ်.."

"အင်း..."

လူကအိမ်စာပြီးဖို့သာ စိတ်ရောက်နေတော့ ဝေယံဘာပြောလိုက်ရမှန်း သေချာမသိဘဲပြီးပြီးရော ခေါင်းညိတ်ပြီး စာသာဆက်ရေးနေသည်။ ဝေယံက သူမရှေ့ကို ဘတ်ခနဲ့ဝင်ထိုင်လိုက်ရင်း

"ငါပြောတာကြားလား.."

"ကြားတယ်.. ပြော.."

"ဒါဖြင့် ငါဘာပြောလိုက်လဲ.."

"အမ်....ဟိုဟာ.."

ဇဝေဇဝဝါဖြစ်သွားပြီး စာရေးနေသည့်လက်က တန့်သွားသည်။ ဝေယံ့ကိုကြည့်လိုက်တော့ မျက်နှာကအပိုးမကျိုး။ ဒီကောင်ကရုပ်ချောသလို အမြဲတမ်းလည်း ပြောင်စပ်စပ်နှင့်။ မျက်နှာထားတည်တာတောင်မရှိသလောက်ပဲ။

"Sorry နင်ဘာပြောလိုက်သလဲ ပြန်ပြောပါလား"

ဝေယံကဘာမှမပြောဘဲ သူမကိုကြည့်ပြီး

"ရော့..."

"ဟင်.. ဘာလဲ.."

လက်ထဲထိုးပေးလာသည့်စာအိတ်တစ်ခုကြောင့် ပန်ပန်ကြောင်အမ်းအမ်းနှင့်ယူလိုက်သည်။ ဝေယံက ပြုံးစိစိနှင့်

"ရည်းစားစာ.."

"ဘာ..."

"နင့်ကိုရည်းစားစာပေးတာလေ.."

ပန်ပန်မျက်နှာလေးရဲတက်သွားတော့သည်။ ရုတ်တရက်မို့ လူကလည်းထူပူကာဘာပြန်ပြောရမှန်းမသိအောင်ဖြစ်နေရသည်။ ဝေယံ ဒီလောက်အတင့်ရဲလိမ့်မည်ဟု ထင်မှမထားဘဲ။ အခုလည်း ခပ်တည်တည်ပင်

"ငါ့ကိုဘယ်တော့ စာပြန်မှာလဲ.."

"ဘာကိုလဲ.. ငါကဘာကိုစာပြန်ရမှာတုန်း.."

"နင်ငါ့ဆီကစာလက်ခံလိုက်ပြီလေ ပြန်မှရမှာပေါ့.."

ကြည့်စမ်း.. ဒီကောင်သက်သက်လူလည်ကျနေတာ။ ပန်ပန်စိတ်တိုသွားပြီး တစ်ခုခုပြောရန် ပြင်လိုက်စဉ်မှာပင် မျက်လုံးတောင့်၌ ဖျပ်ခနဲ့ မြင်လိုက်သည်က ကေဇင်။

မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ၊ အချစ်မ​ပေါ့စေနဲ့ Onde histórias criam vida. Descubra agora