Part-51

2.7K 207 34
                                    

Unicode
"မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ
အချစ်မပေါ့စေနဲ့...."

အပိုင်း(၅၁)

"လုံးလုံးမဖြစ်ပါစေနဲ့"

တစ်လမ်းလုံးတတွတ်တွတ်ဆုတောင်းနေရင်း ပန်ပန်သစ်တောရုံးဘက်ကို ဆိုင်ကယ်နှင့်ထွက်လာလိုက်သည်။ လူကအရမ်းထူပူလွန်းနေတော့ ဆိုင်ကယ်ပင်မှောက်မလိုဖြစ်သွားရသည်။

သူမကိုဖုန်းဆက်ပြောသည့်နေရာရောက်တော့ ခွေးသေလေးကိုမြောင်းဘေးနားတွင်ချထားပြီး ရပ်စောင့်နေသော အသားအညိုညိုနှင့် အစ်ကိုတစ်ယောက်ကိုတွေ့လိုက်ရသည်။ သူမကို ဖုန်းဆက်ပြောသောအစ်ကိုဖြစ်မည်။ ပန်ပန်ထိုအနားမှာပဲ ဆိုင်ကယ်ရပ်လိုက်သည်။

"ညီမလေးက ပန်ပန်လား"

"ဟုတ်ကဲ့..."

"အစ်ကိုမြောင်းထဲကတော့ဆယ်ထားပေးတယ် ညီမခွေးဟုတ်မဟုတ်ကြည့်လိုက်ဦး"

အဝေးကကြည့်လျှင်တော့လုံးလုံးနှင့်တော်တော်တူသဖြင့် ပန်ပန်ငိုချင်သွားရသည်။ တုန်တုန်ယင်ယင်နှင့်ပင် အနားသွားကြည့်တော့

"လုံးလုံးမဟုတ်ဘူး"

တယ်လီယာအမျိုးပဲဖြစ်သော်လည်း အနီးကပ်ကြည့်မှဒီခွေးကပိုအကောင်ကြီးပြီး မျက်နှာကလည်းလုံးလုံးနှင့်သိပ်မဆင်ပါ။ ထို့ကြောင့် ရင်ဝ၌ဆို့တက်နေသောအပူလေးတွေက ကျသွားတော့သည်။

"ညီမခွေးလေး မဟုတ်ဘူးလား"

"မဟုတ်ဘူး"

ပန်ပန်ဝမ်းသာအားရပင်ဆိုလိုက်မိသည်။ ပြီးတော့မှသေနေသည့်ခွေးလေးကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရသည်။ ကိုယ့်ခွေးမဟုတ်၍ပျော်သွားသော်လည်း ခွေးပိုင်ရှင်အတွက်တွေးပြီး ရင်နင့်သွားရသည်။

"ဒါဘယ်သူ့ခွေးလေးလဲမသိဘူးနော် သနားပါတယ် အိမ်မွေးခွေးနဲ့တူတယ် ပိုင်ရှင်တော့ရှိလောက်တယ်"

"အစ်ကိုလည်း ဒီပြောင်းလာတာမကြာသေးတော့ မပြောတတ်ဘူးညီမ"

ပန်ပန်နှင့်ထိုအစ်ကိုစကားပြောနေစဉ်မှာပင် သစ်တောရုံးမှ အစ်မတစ်ယောက်ထွက်သွားပြီး

မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ၊ အချစ်မ​ပေါ့စေနဲ့ Where stories live. Discover now