Part-11

2.4K 96 3
                                    

Unicode

"မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ
အချစ်မပေါ့စေနဲ့...."

အပိုင်း(၁၁)

"သားကြီးရယ် အမေလည်း ဒီကလေးကို ဘယ်လိုဆုံးမရမယ်မှန်းတောင်မသိတော့ဘူး ဟူး.. စိတ်တွေလည်းမောပါတယ်"

ဖုန်းထဲမှ အမေ့ညည်းညူသံက သူ့ကိုပင် လာရိုက်ခတ်တော့သည်။ ဩရသသက်ပြင်းကို မသိမသာချမိပါသည်။ အဆောင်ကထွက်လာကတည်းက နောက်ထပ်ကျူရှင်လည်းမသွားသလို စာလည်းလုံးဝမကျက်ဘဲ အလေလိုက်နေသည့် ပန်ပန်ကို သူလည်းအစ်ကိုကြီးတစ်ယောက်အနေနှင့် စိတ်ပူပါသည်။

သို့သော် သူကသားကြီးတစ်ယောက်မဟုတ်လား။ အမေနှင့်အတူပြိုင်ညည်းနေရမည်မျိုးမဟုတ်ဘဲ အမေ့သောကတွေကို ကူဖြေပေးရမည့်သားအကြီးဆုံးဖြစ်နေသည်လေ။ ထို့ကြောင့်လည်း..

"သိပ်လည်းစိတ်မပူပါနဲ့အမေရယ်.. အချိန်တန်ရင် နွားပိန်ကန်ပါလိမ့်မယ် အမေ့သမီးက ပျင်းနေလို့ပါ ဉာဏ်ကကောင်းပါတယ်.."

"စိတ်မပူဘဲနေပါ့မလားသားရယ်.. ဒီပုံစံအတိုင်းဆို ဒီနှစ်ရောအောင်ပါ့မလားမသိတော့ဘူး"

"အချိန်တွေအများကြီးကျန်ပါသေးတယ် အမေရဲ့.. အများကြီးမတွေးပါနဲ့ အမေပဲ စိတ်ပင်ပန်းရလိမ့်မယ်.. အခုသတင်းကျွတ်စ်လည်းရောက်တော့မယ် ကျွန်တော်နဲ့ ညီမလေးမြတ်လည်း အမေ့ဆီကိုပြန်လာကန်တော့မှာပဲ အဲ့ဒီအချိန်မှကျွန်တော်တို့ပန်ပန်ကိုဖျောင်းဖျလိုက်မယ်.. ဒီကြားထဲတော့ ပန်ပန်ကို ဒီအတိုင်းခဏလေး ပစ်ထားလိုက်ပါ အမေစိတ်အပင်ပန်းမခံပါနဲ့"

"အေးပါသားရယ်.. သားတို့ပဲ ပန်ပန်ကို ကြည့်ကြပ်ပြီးသာပြောကြပါတော့ အမေကတော့ ဘာမှပြောချင်စိတ်ကို မရှိတော့ဘူး.."

ဖုန်းချပြီးသည်အထိ အမေ့၏ညည်းညူသံက သူ့နားဆီကိုပဲ့တင်နေမြဲပင်။ သူဖုန်းဘေးနားမှာတင် အချိန်ကြာမြင့်စွာထိုင်နေမိ၏။ အတွေးထဲတွင်လည်း အမေနှင့်ပန်ပန်ကိစ္စတွေသာ ရူပ်ထွေးနေတော့သည်။

"သား.. ဩရသ"

မေမေမွန်အသံကြားတော့မှသူလည်း အတွေးလွန်နေရာမှ အသိဝင်လာပြီး

မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ၊ အချစ်မ​ပေါ့စေနဲ့ Where stories live. Discover now