Part-28

2.2K 116 8
                                    

Unicode
"မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ
အချစ်မပေါ့စေနဲ့...."

အပိုင်း(၂၈)

"သုံးရက်စာဆေးပေးလိုက်မယ် သုံးရက်နေလို့အမေမိုးနေကောင်းသက်သာလာပြီဆိုရင် ဆက်မသောက်တော့လည်းရတယ် အားဆေးလေးပဲသောက်ခိုင်း"

"ဟုတ် ကိုကြီး.."

ပန်ပန်က မင်းကြည်သာကမ်းပေးသည့် ဆေးကိုလှမ်းယူရင်းနှင့် အနီးကပ်မြင်နေသည့်မင်းကြည်သာ၏မျက်နှာကိုလည်း မသိမသာလေးခိုးကြည့်မိသည်။

အသားဖြူသူမို့ နားထင်တစ်လျှောက် သွေးကြောစိမ်းတွေ ရေးရေးထင်နေလိုက်တာများ ကြည့်ကောင်းလိုက်တာ...။

ဘာလို့ဒီလောက်တောင်ချောရသလဲကိုကြီးရယ်

ချောမောသည်ထက် ရှင်းသန့်တည်ကြည်နေသောမျက်နှာက ဆယ်ကျော်သက်အရွယ်နှလုံးသားလေးကို သိမ့်ခနဲ့ဖြစ်အောင် ပြုစားနိုင်စွမ်းရှိလှပါသည်။

သို့သော် ဘူတာရုံချော်ပြီးရထားမှားစီးမိသလိုပဲ လွဲသွားသည့်ဒီရထားကို ဘယ်လိုများထပ်စီးလို့ရနိုင်တော့မည်လဲ။ အချို့အရာတွေက တစ်ခါလွဲလျှင် တစ်သက်လုံးဝေးနိုင်သည်ကို..။

ရင်ခုန်ခြင်းလမ်းထိပ်မှာ ဒီအချစ်ပန်းလေး ပျိုးရုံမျှရှိသေးသည်။ အခုတော့ လေရိုင်းကြောင့် ကြွေလွင့်ကျသွားသည့်လမ်းက မဆုံသောလမ်းတဲ့လား။

"ပန်ပန် ကိုကြီးပြောတာကြာလား.."

"ရှန်..."

မျက်နှာချောချောကိုငေးရင်းဆွေးမြေ့ကြေကွဲနေသည့်ပန်ပန် ထိုအခါမှသတိဝင်လာပြီး

"ဟုတ်.. အဲ မဟုတ်ဘူး ဘာပြောလိုက်လဲဟင်"

"တစ်ခုခုကိစ္စရှိရင် ကိုကြီးကိုအချိန်မရွေး ဖုန်းဆက်လို့ပြောတာပါ"

"စိတ်ချကိုကြီး.."

ကိစ္စမရှိလည်း ပန်ပန်ကရှာကြံပြီး ဖုန်းဆက်ဖို့ ကြိုးစားဦးမှာ။ ထိုစကားကို စိတ်ထဲကနေကြိမ်းပြီးသာ ဆိုလိုက်တော့သည်။

"ဒါနဲ့ကိုကြီးတစ်ခုပြောစရာရှိတယ်"

"ဟုတ်"

မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ၊ အချစ်မ​ပေါ့စေနဲ့ Where stories live. Discover now