Part-17

2.2K 96 4
                                    

Unicode

"မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ
အချစ်မပေါ့စေနဲ့...."

အပိုင်း(၁၇)

"လောလောဆယ်အမေ့ကိုပေးမသိနဲ့ဦး.. အမေကနေမကောင်းတဲ့ထဲ စိတ်ပူရဦးမယ် ပြီးတော့ ဒေါသထွက်ပြီး ရိုက်နှက်တာမျိုးလုပ်မိရင် ပိုဆိုးသွားလိမ့်မယ် ဒါမျိုးက သွားကြမ်းလို့မရဘူး ကြမ်းလေအရွဲ့တိုက်ချင်စိတ်များပြီး ပိုဆိုးလေဖြစ်သွားမယ် ကိုကြီးသူနဲ့စကားပြောပြီး သေချာဖျောင်းဖျလိုက်မှာမို့ ပန်ပန်ကဒီကိစ္စကို အများကြီးစိတ်မပူနဲ့ကြားလား"

"ဟုတ်.. ကိုကြီး"

"အမေ့ကိုသာသေချာဂရုစိုက်နော် ပြီးတော့ စာလည်းလုပ်ဖို့မပျင်းနဲ့တော့ စာမေးပွဲနီးနေပြီ"

"ဟုတ်..."

ဟုတ်ကဲ့ဟုသာဆိုခဲ့သည်။ တကယ်တော့ ပန်ပန် စာမလုပ်ဖြစ်သည့်ရက်တွေကမနည်းတော့ပါ။ ကျူရှင်ပျက်ရက်တွေကလည်း များလာသည်။ အမေ့ကျန်းမာရေးအကြောင်းပြသည့်အတွက် ဆရာမကလည်းမပြောသာနိုင်ခဲ့ပေ။ ထို့ကြောင့် ပန်ပန်မှာ စာမေးပွဲနီးလာတော့မှ လွတ်ချင်တိုင်း လွတ်နေတော့သည်။

မည်သို့ပင်ဖြစ်စေ ကိုကြီးက ကိုလေးပြသာနာကို သူစီစဉ်မည်ဆို၍ ပန်ပန်အနည်းငယ် စိတ်အေးသွားရသည်ကအမှန်။ အမေ့ကိုပေးသိပါက ပြသာနာပိုကြီးထွားစေသည်အတွက် ကိုကြီးက အမေ့ကိုပေးမသိစေခဲ့ပါ။ ကိုကြီးနှင့်မမမြတ်တို့နှစ်ယောက်ကပဲ တိုင်ပင်ကာ ကိုလေးကိစ္စကိုဆောင်ရွက်မည်ထင်သည်။

ပန်ပန်ကတော့ ဘာလုပ်ရမှန်းမသိတော့ပါ။ အကြီးတွေကကြည့်စီစဉ်မည်ဆို၍ စိတ်အေးရသည့်တိုင် ဆေးကိစ္စဆိုတော့ အနည်းငယ် စိတ်ပူမိသည်။ မူးယစ်ဆေးဆိုသည်ကာ ကာယရှင်သာမက ကာယရှင်၏မိသားစုကိုပါ စိတ်ရော၊လူပါချွတ်ခြုံကျသွားစေ၏။ အခန့်မသင့်လျှင် တစ်မိသားစုလုံးဘဝပျက်နိုင်သည့်အခြေအနေမဟုတ်လား။

ပန်ပန်မှာ အမေနေမကောင်း၍ပြုစုပေးနေရသည်ကတစ်ဖက်၊ ကိုလေးပြသာနာကြောင့် စိတ်ပူပင်နေရသည်ကတစ်ဖက်နှင့် ဒီရက်ပိုင်းနေလို့ထိုင်လို့မကောင်းလှပါ။ နဂိုကစာကိုစိတ်ဝင်တစားရှိလှသူမဟုတ်သည့်အတွက် ယခုကဲ့သို့ အိမ်တွင်းပြသာနာအခြေအနေကြား၌ ပန်ပန်စာမလုပ်နိုင်တော့ပေ။ စာအုပ်တောင် မကိုင်ဖြစ်ပြီး စိတ်လေနေမိ၏။

မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ၊ အချစ်မ​ပေါ့စေနဲ့ Where stories live. Discover now