Part-18

2.4K 106 7
                                    

Unicode

"မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ
အချစ်မပေါ့စေနဲ့...."

အပိုင်း(၁၈)

"ကောင်းက ငြိမ်းထင်ထားတာထက်တောင် အများကြီးပိုလုပ်နိုင်ခဲ့တယ် ကောင်းရဲ့အောင်မြင်မှုတွေအတွက် ငြိမ်းတကယ်ချီးကျူးပြီး ဂုဏ်ပြုပါတယ်"

လှိုက်လှိုက်လှဲလှဲဆိုလိုက်သော ငြိမ်း၏ချီးကျူးစကားကြောင့် ကောင်းခြင်းတစ်ချက်ပြုံးလိုက်ပြီး

"ဒီလောက်လည်းမဟုတ်သေးပါဘူး ကိုယ်ကအခုမှကြိုးစားဆဲပါပဲ"

"အဟင်း ကောင်းက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေပြန်ပြီ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကနိုင်ငံတော်ကပါ ချီးကျူးဂုဏ်ပြုရတဲ့အထိကိုတော်လွန်းနေတာတော့ ငြင်းမရပါဘူးနော်.. ဒီနှစ်လည်း အစိုးရကပေးတဲ့ဆုယူရဦးမယ် မဟုတ်လား ငြိမ်းသတင်းတွေရပါတယ်"

ငြိမ်းစကားကို ကောင်းခြင်းအပြုံးနှင့်သာ တုန့်ပြန်လိုက်သည်။ ဒါက သူနှင့်ငြိမ်းပထမဆုံးအကြိမ် ပြန်တွေ့ဆုံကြခြင်း ဖြစ်သည်။ ငြိမ်းက ပြင်ဦးလွင်ဘက်သို့ blogsတစ်ခုရိုက်ဖို့လာရင်းမှ သူရှိရာလားရိူးသို့ တကူးတကားလာရောက်ခဲ့သည်။ အပြင်မှာတွေ့ဆုံတော့မှ ငြိမ်းသည် အရင်ကထက် အများကြီး ပိုလှလာသည်ကို သူသတိပြုမိသည်။

ငြိမ်းသည် အလှအပနှင့် ကျန်းမာရေး Blogsတွေကိုရေးသားနေသည့် Bloggerတစ်ယောက်ဖြစ်သလို တစ်ခါတလေ ခရီးသွားဆောင်းပါးတွေလည်း ရေးတတ်သည်။ လူလေးက ငယ်ရွယ်လှပပြီး တက်တက်ကြွကြွရှိကာ creationလည်းအပြည့်ရှိလေတော့ တစ်ခဏအတွင်းမှာပင် အတော်လေးအောင်မြင်လာကာ လူကြိုက်များသည့် influencerတစ်ယောက်ဖြစ်လာခဲ့သည်။ယခုဆိုကြော်ငြာအချို့ပင် ရိုက်လာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ကောင်းခြင်းသည်လည်း ငြိမ်း၏အရည်အချင်းတို့ကို အသိအမှတ်မပြုဘဲမနေနိုင်ခဲ့ပါ။

"ငြိမ်းလည်း တော်ပါတယ် အခုဆို တက်သစ်စတွေထဲမှာ ငြိမ်းကအတော်ရှေ့ပြေးနေတယ် ပြောရရင် ဒီဘက်ခေတ်ရဲ့social platformsမှာမသိသူမရှိလောက်အောင် နာမည်ရနေပြီ အခုလိုမျိုး ငြိမ်းအောင်မြင်နေတာတွေ့ရတော့ ကိုယ်တကယ်ဝမ်းသာပါတယ်"

မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ၊ အချစ်မ​ပေါ့စေနဲ့ Where stories live. Discover now