Part-21

2.5K 118 13
                                    

Unicode

"မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ
အချစ်မပေါ့စေနဲ့...."

အပိုင်း(၂၁)

"မုဒိတာပန်... ထစမ်း"

"အင်း..."

"မုဒိတာပန် မင်းကိုထစမ်းလို့ငါပြောနေတယ်"

အိပ်ပျော်နေရာမှ ခပ်မာမာအော်ဟစ်သံကြောင့်ပန်ပန်လူးလွင့်လာသည်။ မထူးမချင်း ဆက်တိုက်ခေါ်နေသောကြောင့် အိပ်ချင်မူးတူးဖြင့်

"အစောကြီးရှိသေးတာကို ဘာလို့လာနိုးနေရသလဲ"

"ဘာ.. အစောကြီးရှိသေးတယ်ဟုတ်လား အခုဘယ်နှစ်နာရီရှိပြီထင်လဲ.."

"ဘယ်သိမှာလဲ ခင်ဗျားမှာနာရီမရှိဘူးလား"

ပြောပြီး ပန်ပန်ကတစ်ဖက်ကိုမျက်နှာလှည့်သွားတော့ ကောင်းခြင်းဒေါသထွက်သွားရပြီး

"တောက်.. မင်းငါ့ကိုရွဲ့နေသလား မုဒိတာပန်"

"အိပ်ချင်နေတာကို ရွဲ့ဖို့မအားဘူး"

"အခု ၈နာရီထိုးတော့မယ်သိလား ဘယ်မိန်းကလေးက ဒီအချိန်ထိ အိပ်သလဲ"

"မုဒိတာပန်"

"ဘာ..."

"အင်း.. မဟုတ်ဘူး မုဒိတာပန်က (၁၀)နာရီအထိတောင်အိပ်တယ်"

မျက်လုံးကိုပင်မဖွင့်ဘဲဆိုလိုက်သည့်စကားကြောင့် ကောင်းခြင်းစိတ်တော်တော်တိုသွားကာ

"ထစမ်း.. အခုချက်ချင်းထစမ်း"

လက်မောင်းတွေပြုတ်ထွက်မတက်အတင်းဆွဲဆောင့်ကာ လှုပ်နေသဖြင့် ဆက်အိပ်လို့မရတော့သည့်အဆုံး ပန်ပန်လည်း အိပ်နေရာမှ ဒေါသတကြီးထလိုက်ကာ

"ခင်ဗျားဘာဖြစ်နေသလဲ ကောင်းခြင်းတည်မြဲ အိပ်နေတာကို ဘာကိစ္စလာနှောင့်ယှက်ရသလဲ"

"ငါ့အိမ်မှာနေပြီး ဒီလိုအပျင်းမကြီးနဲ့ ငါမကြိုက်ဘူး"

"မကြိုက်လည်းသေပေါ့.."

"ဘာပြောတယ် ."

"ခင်ဗျားမကြိုက်ပေမဲ့ ကျွန်တော်ကြိုက်တယ် ဒါကြောင့်အိပ်မှာပဲ"

ဆတ်ဆတ်ထိမခံပင်ပြန်ပြောနေသည့်သူမကြောင့် ကောင်းခြင်းစိတ်ကိုအနိုင်နိုင် ထိန်းထားရပြီး

မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ၊ အချစ်မ​ပေါ့စေနဲ့ Where stories live. Discover now