Part-45

2.9K 185 20
                                    

Unicode

"မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ
အချစ်မပေါ့စေနဲ့...."

အပိုင်း(၄၅)

"မျက်နှာလည်းမကောင်းပါလားညီမလေး ဘာဖြစ်လို့လဲ"

ပြန်တော့မည်ဖြစ်၍ကိုကြီးနှင့်တွေ့ပြီး နှုတ်ဆက်နေစဉ် ကိုကြီးကသူမမျက်နှာညှိုးနွမ်းနေသည်ကို သတိပြုမိဟန်တူပါသည်။ ဂရုတစိုက်မေးလာပါသည်။

ပန်ပန်ယဲ့ယဲ့လေးသာပြုံးလိုက်ရင်း

"ဟင့်အင်း.. ဘာမှမဖြစ်ပါဘူးကိုကြီး ဒီရက်ပိုင်း ပန်ပန်ပင်ပန်းနေလို့ပါ"

"အခြားအဆင်မပြေတဲ့ကိစ္စတစ်ခုခုရှိရင်လည်း ကိုကြီးကိုပြောနော် ကိုကြီးဒီမှာနားထောင်ပေးဖို့ရှိနေတယ်"

လိုင်းပေါ်ပျံ့သွားသည့်ဂယက်တွေကို ဩရသသိထားသဖြင့် လမ်းကြောင်းခင်းပေးလိုက်သည်။ ပန်ပန်ကခေါင်းခါယမ်းလိုက်ပြီး

"ပန်ပန်အဆင်ပြေပါတယ်.. ထွေထွေထူးထူးကိစ္စမရှိပါဘူး"

အဆင်ပြေသည်ဟုဆိုသော်လည်း အဆင်မပြေဖြစ်နေမှန်း ဩရသကောင်းကောင်းသိသည်။ ပန်ပန်က ခံစားချက်တွေကို ဘယ်တောအခါမှ သိုဝှက်မထားတတ်သူလေ။ တစ်ခုခုဖြစ်နေလျှင် မျက်နှာကသိသာနေလှသလို ပွင့်ပွင့်လင်းလင်းလည်း ဖွင့်ချတတ်သည်။ ပွင့်လင်းအားကြီးလို့ ရိုင်းသလိုတောင် ဖြစ်နေသည့်ကောင်မလေး။

ဒီလောက်မျက်နှာညှိုးနေသည့်တိုင် ဘာမှမဖြစ်ဘူးဟုဆိုလာခြင်းကိုက ပုံမှန်ကိုမဟုတ်တာပဲ။ ပြီးတော့ ပန်ပန်ဒီလိုမျိုးဖြစ်တာကို သူတစ်ခါမှမမြင်ဖူးတော့ ထူးဆန်းနေသည်။ ထို့ကြောင့်

"ညီမလေးတကယ်အဆင်ပြေရဲ့လား"

"ဟုတ်"

ပြောပြလိုဟန်မရှိသဖြင့် ဩရသကညီမငယ်နှင့် စကားပြောဖို့ကြိုးစားတော့သည်။

"ကိုကြီးညီမလေးကို သဘောကျတဲ့အချက်တစ်ချက်နဲ့ လုံးဝသဘောမကျမိတဲ့ အချက်တစ်ချက်ရှိတယ် ပြောပြရမှာလား သိချင်ရဲ့လား"

"ဟုတ်.. ပန်ပန်သိချင်ပါတယ်"

"ညီမလေးကပွင့်လင်းတယ် ဟန်မဆောင်တတ်ဘူး စိတ်ထဲရှိတဲ့အတိုင်း ပြောတတ်တယ် မဟုတ်မခံစိတ်တွေအပြည့်ရှိတယ် ဒါကိုကိုကြီးသဘောကျတယ်"

မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ၊ အချစ်မ​ပေါ့စေနဲ့ Where stories live. Discover now