Part-59

2.6K 141 23
                                    

Unicode

"မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ
အချစ်မပေါ့စေနဲ့...."

အပိုင်း(၅၉)

"မြတ်ကိုခွင့်လွတ်ပါအမေ..."

"မြတ်တောင်းပန်ပါတယ်"

"မြတ်မလိမ်မာခဲ့တာတွေအတွက် အမေ့ကိုပြောစရာစကားတောင်မရှိတော့ပါဘူး"

ရိူက်သံသဲ့သဲ့နှင့်တတွတ်တွတ်ဆိုနေသော မြတ်စကားတွေက ဒေါ်မိုးနားထဲ၌ကြားတစ်ချက်.. မကြားတစ်ချက်။ ဖုန်းကိုလည်းကိုင်သာကိုင်ထားသည်။ အသိတွေက ဝေးသွားလိုက်၊ နီးလာလိုက်နှင့်...။

သားကြီးဖုန်းဆက်ပြောစဉ်က ဒေါ်မိုးမယုံကြည်နိုင်ခဲ့ပါ။ တကယ်မဟုတ်ဘူး၊ သူမကိုနောက်နေသည်ဟုပဲ ထင်ခဲ့သည်။ မြတ်ကသိပ်လိမ္မာသည့်ကောင်မလေးလေး။ မိဘအပေါ်သိတတ်လွန်းပြီး ပတ်ဝန်းကျင်ကပါ ချစ်ရသည့်ကလေးမ။ ဘယ်လိုလုပ်ဒါကဖြစ်နိုင်မှာလဲ။

ဘယ်လိုမှမယုံကြည်နိုင်သဖြင့် ဒေါ်မိုးသမီးကိုကိုယ်တိုင်ဖုန်းဆက်ခဲ့သည်။ သို့သော်ရင်နာစရာကောင်းသည်က ဒါကအမှန်တရားဖြစ်နေခဲ့သည်။ သမီးမြတ်၏ဝန်ခံစကားတွေက ရင်ကိုထိုးခြွေနေသည့်ဓားအလား နာကျင်စေလှပါသည်။

နှမြောပါသည်။ ယုံကြည်အားကိုးခဲ့သည့်သမီးကြီးပေမို့ သမီးငယ်တုန်းကထက်တောင် ပိုနှမြောမိသည်။ ပန်ပန်ကနဂိုကတည်းက ဆိုးသွမ်းပြီးထင်ရာစိုင်းတတ်သူမို့ အိမ်ထောင်ပြုဖို့ဖြစ်လာခြင်းကသိပ်အံ့ဩစရာပင်မဟုတ်ခဲ့ပါ။ မြတ်ကတော့ သိပ်လိမ္မာတဲ့ကလေးလေ။ သမီးငယ်ပန်ပန်လိုပေါ့ပျက်ပျက်နှင့် ရည်မှန်းချက်မရှိသည့်ကလေးမှမဟုတ်ဘဲ။ ရည်မှန်းချက်အပြည့်နှင့် သိပ်ကိုကြိုးစားခဲ့တဲ့ကလေး။ လိမ္မာလိုက်တာများ အခြားမိဘတွေကတောင် အားကျယူရသည်အထိ။

တကယ်ပါ...။ ပတ်ဝန်းကျင်ကဘယ်လောက်မကောင်းပြောတတ်သည်ဖြစ်စေ မြတ်အကြောင်းကိုတော့ အကောင်းဘက်ကနေသာအမြဲချီးကျူးပြောဆိုတတ်သည်။

"လိမ္မာလိုက်တဲ့ကလေးမ.. အမေအပေါ်သိတတ်လိုက်တာများအေ.. ဘာမှပြောစရာမလိုဘူး အမေပိုက်ဆံမရှိမှာစိုးလို့ မုန့်ဖိုးတောင်တစ်ခါမှမတောင်းဘူးတဲ့"

မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ၊ အချစ်မ​ပေါ့စေနဲ့ Where stories live. Discover now