Part-69

2.8K 227 12
                                    

Unicode

"မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ
အချစ်မပေါ့စေနဲ့...."

အပိုင်း(၆၉)

"ရော့.. ဒီမှာညည်းမုန့်တွေရောင်းရတဲ့ ပိုက်ဆံ"

အမေကမ်းပေးသည့်တစ်ထောင်တန်အထပ်လေးကို ဝမ်းသာအားရလှမ်းယူရင်း ပန်ပန်ပျော်မဆုံးဖြစ်နေရတော့သည်။

"ဟီး.. အများကြီးပဲ အကုန်ရောင်းကုန်တာလားအမေ"

"အေ.. ဒေါ်ချိုတောင် ထပ်စားချင်လို့ ပြန်လာဝယ်သေးတယ် မရှိတော့လို့ နောက်ရက်သူ့အတွက်ချန်ထားပေးဖို့ ပိုက်ဆံတောင်ကြိုရှင်းထားတယ်"

"ဟုတ်.. ပန်ပန်နောက်ရက်အတွက် ပိုလုပ်ထားမယ်"

"အေ.. အေ"

ပန်ပန်ခုံပေါ်ထိုင်ရင်းနှင့် ပိုက်ဆံလေးကို ရေတွက်နေမိသည်။ ဘယ်လောက်မှမများသော်လည်း သူမလုပ်အားနှင့်ရသည့်ပိုက်ဆံလေးမို့ အတော်ပျော်ပါသည်။ ပထမဆုံးစျေးရောင်းပြီး ရလာသည့်ပိုက်ဆံလေးတွေမဟုတ်လား။

"တစ်ထောင်.. နှစ်ထောင်... သုံးထောင်"

ငွေစက္ကူကိုရေတွက်ရင်းနှင့် ပန်ပန့်အပြုံးတွေက နားရွက်တက်ချိတ်တော့မည်။ ဒီထက်မက​သောငွေတွေကိုင်ဖူးခဲ့သည့်တိုင် ဒီလိုပျော်ရွှင်မှုမျိုးမရရှိခဲ့ပါ။ လောက၌ကိုယ့်ခွန်အားနှင့် စစ်မှန်စွာရှာဖွေခဲ့သော ငွေကသာလျှင် အကောင်းဆုံးသောပျော်ရွှင်မှုကိုဖြစ်စေမည်ထင်ပါရဲ့။

အမေက ငွေရေတွက်နေသောပန်ပန်ကို တစ်ချက်လှမ်းကြည့်ရင်း

"လျှောက်သုံးမနေနဲ့ဦးနော် ပိုက်ဆံစုထားဦး"

"ဟုတ်အမေ"

အမေကသုံးပါဆိုရင်တောင် ပန်ပန်သုံးမည်မထင်။ ကိုယ်တိုင်ရှာထားသည့်ပိုက်ဆံမို့နှမြောသည်။ မုန့်ဖိုးရထားသည့်ပိုက်ဆံလို မြတ်နိုးမှုကတကယ်မတူ။ ပိုက်ဆံကိုရေပြီးတော့ အိတ်ကပ်ထဲသေချာထည့်ထားလိုက်သည်။ ပြီးနောက် တက်တက်ကြွကြွပင် ဆိုလိုက်သည်။

"အမေပန်ပန်ပြန်လိုက်ဦးမယ် မုန့်လုပ်ရဦးမယ်"

"အေး.. နည်းနည်းများများပိုလုပ်ခဲ့ဦးနော် ညည်းမုန့်က သုံးလေးယောက်လောက်ရောင်းရသေးတယ် ကုန်နေပြီ"

မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ၊ အချစ်မ​ပေါ့စေနဲ့ Where stories live. Discover now