Part-38

2.4K 137 14
                                    

Unicode

"မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ
အချစ်မပေါ့စေနဲ့...."

အပိုင်း(၃၈)

မုဒိတာပန်
(၁၇)နှစ်ပြည့်မွေးနေ့

သာမာန်လူတန်းစားတစ်ယောက်၏မွေးနေ့က သိပ်ထွေထွေထူးထူးမရှိပါ။ သို့တိုင် မုဒိတာပန်၏(၁၇)နှစ်ပြည့်ကတော့ အခါတိုင်း နှစ်ထက်ထူးခြားသည်ဟုဆိုလာနိုင်သည်က သူမကိုယ်တိုင်မြန်မာမုန့်လေးတွေလုပ်လာနိုင်ခြင်းပင်။

ကြည့်လေ.. တစ်နေကုန်ကြိုးစားပန်းစား လုပ်ထားသည့်ပေါင်မုန့်ကြက်ဥပူတင်းလေးတွေက စားချင်စဖွယ်ကိုရှိလို့။

မနက်ပိုင်းတွင်အမေကဘုန်းကြီးကျောင်းကို မုန့်ဟင်းခါးနှင့် ဆွမ်းကပ်ခိုင်း၍ သွားကပ်ခဲ့သည်။ သူမလုပ်ထားသည့် ပူတင်းလေးတွေကိုတော့ အချိန်မမီသဖြင့် ဘုန်းကြီးကျောင်းမကပ်နိုင်ခဲ့သည့်တိုင် ဘုရားဆွမ်းကပ်နိုင်ခဲ့သည်။ ပြီးနောက် ရင်းနှီးသည့်သူတွေကို ကိုယ်တိုင်လုပ်ထားသည့်ပူတင်းလေးတွေ လိုက်ပေးခဲ့သည်။

အရင်ဆုံးအမေ့ကိုပို့တော့အမေက...

"မဆိုးပါဘူး ညည်းဒါတော့လုပ်တတ်သားပဲ စာမသင်တော့ဘဲ မုန့်ရောင်းစားတော့မယ်ဆို ငါစျေးထဲဆိုင်ခန်းရှာပေးမယ်"

ဟုရွဲ့စောင်းပြီးဆိုလာသည့်တိုင် သူမလုပ်ထားသည့်မုန့်ကိုတော့ ကုန်အောင်စားလိုက်သဖြင့် ပန်ပန်ကျေနပ်ပီတိဖြစ်ရသည်။ အိမ်ကဒေါ်အေးမွန်ကိုကျွေးတော့လည်း ဒေါ်အေးမွန်က သူမကိုအသေအချာချီးကျူးတော့သည်။

"ပန်ပန် ပူတင်းလုပ်ထားတာလေးက တော်တော်စားကောင်းတယ်ကွယ်"

ဒေါ်အေးမွန်ပဲမဟုတ်ပါ။ ကိုကြီးမင်းကြည်သာတို့အိမ်ကိုမုန့်သွားပို့တော့လည်း ကိုကြီးက သူမမုန့်ကိုမြည်းပြီး တအံ့တဩနှင့်ဆိုလာသည်။

"ဒါပန်ပန်လုပ်ထားတဲ့မုန့်လား"

"ဟုတ်တယ်ကိုကြီး ဒေါ်ကြီးအေးမွန်မအားတာနဲ့ လိုင်းပေါ်မှာမုန့်လုပ်နည်းရှာပြီးတော့ ပေါင်မုန့်ကြက်ဥပူတင်းလေးလုပ်လိုက်တာ"

မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ၊ အချစ်မ​ပေါ့စေနဲ့ Where stories live. Discover now