Part-49

2.6K 179 16
                                    

Unicode

"မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ
အချစ်မပေါ့စေနဲ့...."

အပိုင်း(၄၉)

"ကျေးဇူးတင်ပါတယ်"

ရုတ်တရက်ဆိုလာသည့်စကားကြောင့် ကွန်ပျူတာတစ်လုံးနှင့်အလုပ်ရူပ်နေသည့်ကောင်းခြင်းက သူမကိုမျက်လုံးဝင့်ကြည့်လာပြီး

"ဘာကိုလဲ"

"အမေ့ကိုကူညီပေးခဲ့တဲ့အတွက်ပါ"

"ဪ.. ဒါလား ကူညီသင့်လိုကူညီတာပဲ ဘာမှအထွေအထူးမရှိပါဘူး"

ကောင်းခြင်းကထိုမျှသာဆိုရင်း မျက်လုံးတွေကကွန်ပျူတာဖန်သားပြင်ပေါ်ပြန်ရောက်သွားပြီး လက်တွေကလည်း ကျွမ်းကျင်စွာ လှုပ်ရှားနေ၏။ မိနစ်အတော်ကြာသည်အထိ ပန်ပန်ကထွက်မသွားသေးဘဲ ရပ်ကြည့်နေတော့ ကောင်းခြင်း သူမကိုမျက်မှောင်ကျုံ့လျက် ကြည့်လာသည်။

"ဘာပြောစရာရှိသေးလို့လဲ"

"ဟင့်အင်း.."

တကယ်က ပန်ပန်အမေ့ကိုကူညီပေးဖို့ တောင်းဆိုချင်မိသော်လည်း နှုတ်ကပြောမထွက်ပါ။ ခေါင်းသာခါလိုက်ပြီး ထွက်သွားတော့မှ

"မင်းအမေကိစ္စစိတ်မပူနဲ့ ငါကူညီပေးသင့်တယ်လို့ထင်ရင် မင်းမပြောလည်း ကူညီပေးမှာပဲ"

"ပန်ပန် ခင်ဗျားကိုကျေးဇူးထပ်တင်ပါတယ်"

သူမစကားကြောင့် ကောင်းခြင်းနှုတ်ခမ်းတွေကတစ်ချက်မဲ့သွား၏။ သူမကိုတော့ မကြည့်ပါ။ လက်ကကွန်ပျူတာခလုတ်တွေကိုသာ နှိပ်နေရင်းနှင့်

"မင်းကကျေးဇူးတင်တတ်သားပဲ..."

ထေ့သလိုပြောလာသည့်စကားဖြစ်သော်လည်း ပန်ပန်ဘာမှမတုန့်ပြန်တော့ပါ။ အခုချိန်မှာသူကကူညီပေးထားသူမို့ အတတ်နိုင်ဆုံးသည်းခံထားလိုက်သည်။

ဒီနောက်ပိုင်း ပန်ပန်တွေးမိသည်ကကောင်းခြင်းကသူမတစ်ယောက်တည်းကိုသာ ဆိုးဆိုးဝါးဝါးဆက်ဆံပြီး သူ့ပတ်ဝန်းကျင်ရှိအခြားသူများကိုတော့ ကောင်းသင့်သလောက်ကောင်းပေးသည်။ ရင့်ရင့်သီးသီးဆက်ဆံခြင်းမျိုးမရှိသည်ကို သတိပြုမိခဲ့သည်။

မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ၊ အချစ်မ​ပေါ့စေနဲ့ Where stories live. Discover now