Part-65

2.6K 198 21
                                    

Unicode
"မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ
အချစ်မပေါ့စေနဲ့...."

အပိုင်း(၆၅)

"ထင်ကျော်က ငါတို့ရဲ့တစ်ဦးတည်းသောသားဖြစ်တဲ့အတွက် သားမျက်နှာမငယ်ရအောင်နဲ့ ငါတို့ဂုဏ်သိက္ခာအတွက် မင်္ဂလာပွဲတော့ကျင်းပပေးမယ် ဒါပေမဲ့ မင်္ဂလာပွဲကိုတော့ မင်းမိဘအသိုင်းအဝန်းကို တက်ခွင့်မပြုဘူး"

ဒေါ်ဒေစီကျော်စကားကြောင့် မြတ်အံ့ဩသင့်သွားရတော့၏။ သူမနားမလည်စွာနှင့်ပင် ဆိုမိသည်။

"ဘာဖြစ်လို့လဲ မြတ်မင်္ဂလာပွဲကို မြတ်မိဘတက်ခွင့်မရဘူးဆိုတာက အန်တီဘာကိုဆိုလိုတာလဲ"

"ရှင်းနေတာပဲ မင်းတို့အသိုင်းအဝန်နဲ့ မပတ်သက်ချင်လို့ ဒီထက်ပိုပွင့်ပွင့်လင်းလင်းပြောရရင် မင်းကိုမတတ်သာလို့လက်ခံလိုက်တာပဲရှိတယ် မင်းနဲ့မင်းမိဘတွေကို ငါတို့အသိအမှတ်မပြုဘူး"

"ဟင်"

"ဒါကြောင့် ခုကတည်းကကင်းအောင်နေတာပဲ သားအတွက်ငါတို့ကျင်းပပေးမဲ့ မင်္ဂလာပွဲကို မင်းမိဘကအစတက်ရောက်ခွင့်မပြုဘူး"

ဒေါ်ဒေစီကျော်၏စကားအဆုံးမှာ မြတ်မျက်နှာပျက်ယွင်းသွားရလျက်..

"ဒါပေမဲ့အန်တီရယ်.. သမီးမင်္ဂလာဆောင်မှာ အမေတက်ခွင့်မပြုဘူးဆိုတာက ပိုအဓိပ္ပာယ်မရှိဘူးမဟုတ်လား"

"ဒီမှာမြတ်ပန်းသစ္စာ.. ငါတို့ကမင်းကိုလက်ခံချင်လို့လက်ခံလိုက်တာမဟုတ်ဘူး မင်းဗိုက်ထဲကငါတို့မြေးမျက်နှာကြောင့် ဒီမင်္ဂလာပွဲကိုခွင့်ပြုလိုက်တာပဲ မင်းမှာသာကိုယ်ဝန်မရှိရင် လက်ခံပေးစရာအကြောင်းတောင် မရှိဘူး အခုမင်းနဲ့သားကို မလွဲသာဘဲ သဘောတူခဲ့ရတယ်  ဒါပေမဲ့ငါတို့ချွေးမအနေနဲ့တော့ အသိအမှတ်မပြုနိုင်သေးဘူး ထိုနည်းတူ မင်းနဲ့ဆက်နွယ်တဲ့မင်းမိဘ၊အသိုင်းအဝန်းကိုလည်း အသိအမှတ်မပြုနိုင်ဘူး ဒီတော့ငါတို့ရင်းနှီးစရာမလိုဘူး၊ မျက်နှာချင်းဆိုင်တွေ့ဖို့လည်း မလိုအပ်ဘူး"

မြတ်ဟာ ဘာပြောရမှန်းပင်မသိတော့အောင် ဖြစ်သွားရသည်။ မောင့်ကိုကြည့်လိုက်တော့လည်း သူ့အမေစကားကိုသာ နားထောင်ပေးဖို့ အချက်ပြနေ၏။ မြတ်သက်ပြင်းချလိုက်မိရင်း

မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ၊ အချစ်မ​ပေါ့စေနဲ့ Where stories live. Discover now