Part-60

3.1K 179 18
                                    

Unicode

မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ
အချစ်မပေါ့စေနဲ့...."

အပိုင်း(၆၀)

"အသက်အန္တရာယ်ရှိတယ် အရေးပေါ်Operationဝင်ရမယ်" တဲ့။

ထိုစကားဟာ ပန်ပန်နှလုံးသားကို ကိုင်လှုပ်လိုက်သကဲ့သို့ ရင်ထဲခံစားလိုက်ရသည်ကနင့်ခနဲ့။ ပန်ပန်အရုပ်ကြိုးပြတ်ဖြစ်သွားရသည်။

"ဟင့်အင်း.. မဟုတ်ဘူး အမေဘာမှမဖြစ်ရဘူး"

"အမေ.. အမေဘာမှမဖြစ်ဘူးမဟုတ်လား အမေပြန်ကောင်းမှာပါနော်"

နှုတ်ကတတွတ်တွတ်ဆိုရင်း မျက်ရည်တွေကဝေါခနဲ့ပြိုဆင်းလာသည်။ ဆရာဝန်တွေအမေ့ကိုOperationခန်းထဲခေါ်သွားတော့ ပန်ပန်အခန်းရှေ့တအိအိငိုကြွေးနေမိသည်။

"အမေရေ.. အီးဟီးဟီး.. အမေဘာမှမဖြစ်ပါနဲ့ ပန်ပန်တောင်းပန်ပါတယ်"

"ပြန်ကောင်းပေးပါနော် ပန်ပန်.. ပန်ပန်ကွာရှင်းဖို့ ထပ်မပြောတော့ပါဘူး အမေမကြိုက်တာ ပန်ပန်မလုပ်တော့ပါဘူး"

မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျရင်း ကလေးတစ်ယောက်လိုထိုင်ငိုနေသည့် ပန်ပန့်ကိုကြည့်ပြီး ဒေါ်မေမြတ်ကြည်လည်း အတော်စိတ်မကောင်းဖြစ်သွားသည်။ သူမပုခုံးနှစ်ဖက်ကိုဖေးမကြင်နာစွာဆုပ်ကိုင်လိုက်ရင်း

"သမီးအမေ.. အဆင်ပြေသွားမှာပါ စိတ်မပူနဲ့နော်"

"အီး.. ဟီး ဟီး"

ပန်ပန်ကငိုနေရာမှ ဒေါ်မေမြတ်ကြည်ကို မော့ကြည့်လာသည်။

"အန်တီမေ.."

"အင်း.. ပြောလေသမီး"

"ပန်ပန်အန်တီမေကိုတောင်းပန်ပါတယ် အမေအခုလိုဖြစ်တာ ပန်ပန့်ကြောင့်ပါ ပန်ပန်အမှားတွေပါ ပန်ပန်လေကောင်းခြင်းနဲ့ မကွာရှင်းတော့ပါဘူး ပန်ပန်ပြောခဲ့တာတွေအတွက် ဗွေမယူပါနဲ့နော်"

"သမီးရယ်..."

ငိုယိုရင်း တောင်းပန်လာသောသူမစကားတွေက ဒေါ်မေမြတ်ကြည်ကို စိတ်ထိခိုက်သွားစေပုံရသည်။ သက်ပြင်းချလိုက်ပြီး

"အန်တီ့ကိုတောင်းပန်စရာမလိုပါဘူး အန်တီစိတ်ထဲမထားပါဘူး ဒီကိစ္စကိုလည်းမတွေးတော့နဲ့နော်"

မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ၊ အချစ်မ​ပေါ့စေနဲ့ Where stories live. Discover now